အနုပညာရှင်တွေကလည်း မွေးနေ့ဆုတောင်းစကားတွေ ပြောခဲ့ကြပါတယ်။

မိုးယံဇွန်ရဲ့ မွေးနေ့မှာ သူ့ရဲ့ချစ်သူလေး TLL က Surprise လုပ်ပေးခဲ့တာ တွေ့ရပါတယ်။ ပရိသတ်တွေနဲ့ အနုပညာမောင်နှမတွေကလည်း မွေးနေ့ဆုတောင်းစကားဆိုခဲ့ကြပါသေးတယ်။

Photo: Moe Yan Zune



သရုပ်ဆောင် မိုးယံဇွန်ကတော့ ချစ်သူလေး လုပ်ပေးတဲ့ မွေးနေ့ Surprise ကြောင့် ပျော်ရွှင်နေတာ တွေ့ရပါတယ်။ ဇွန်လ ၂၅ ရက်နေ့ကတော့ မိုးယံဇွန်ရဲ့ မွေးနေ့ဖြစ်ပါတယ်။

‘’ amazing surprise photo by TLL narzbambam love memo happy june 25 forever’’ ဆိုပြီးတော့ ဇွန်လ ၂၅ ရက်နေ့ မနက် ၃ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ချစ်သူလေးကိုယ်တိုင် ရိုက်ပေးထားတဲ့ ဓာတ်ပုံလေးတွေ၊ မွေးနေ့ ကိတ်လေးတွေ၊ ရှန်ပိန်လေးတွေကိုလည်း အမှတ်တရ ဓာတ်ပုံရိုက်တင်ထားတာ တွေ့ရပါတယ်။ 

Photo: Moe Yan Zune

မိုးယံဇွန်အတွက် အနုပညာမောင်နှမတွေ၊ ပရိသတ်တွေ အများကြီးက မွေးနေ့ဆုတောင်းစကားတွေ အသီးသီးပြောခဲ့ကြပါတယ်။ အဲဒီအထဲမှာမှ Gym လည်း အတူတူဆော့ဖြစ်၊ သွားအတူ၊ စားအတူ ညီအစ်ကိုအရင်းတစ်ယောက်လို ခင်မင်ရတဲ့ ထွန်းထွန်းကလည်း မွေးနေ့ဆုတောင်းစကားဆိုခဲ့ပါတယ်။

‘’ Happy Lovely Birthday My dear Lil’Brother !! စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အစစအရာရာ အဆင်ပြေအောင်မြင်ပါစေ။ မိဘကျေးဇူးကိုလည်းအခုထက်ပိုဆပ်နိုင်ပါစေ။ ပြန်ရောက်မှ တခုခုကျွေးတော့။ ရည်းစားကောင်မလေးနဲ့လည်း ခုထက်ကို ရို နိုင်ပါစေကွယ်’’ ဆိုပြီးတော့ ဇွန်လ ၂၅ ရက်နေ့ မနက် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo: Htun Htun

မိုးယံဇွန်ဟာ အနုပညာသက်တမ်း ၁၀ စုနှစ်တစ်ခုကို ကျော်လွန်လာခဲ့ပြီးဖြစ်ပါတယ်။ အနုပညာအလုပ်လုပ်နေစဉ်အတွင်းမှာလည်း ကိုယ်ရေး ကိုယ်တာအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်မှုတွေ ခံခဲ့ရပါသေးတယ်။ ဒီအတိုက်အခိုက်တွေကြားကပဲ အနုပညာအလုပ် တွေ ပိုကောင်းအောင် ကြိုးစားနေတယ်လို့Duwun Mediaအင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: Moe Yan Zune

သရုပ်ဆောင်အပိုင်းမှာ ရဲကာရိုက်တာ အဖြစ် ပရိသတ်အတွေ့များခဲ့တဲ့ မိုးယံဇွန်က ထူးထူးခြားခြားဖြစ်စေမယ့် ကာရိုက်တာလေးတွေလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဒီကာရိုက်တာလေးတွေကလည်း ပရိသတ်မြင်ဖူးနေကြ တစ်ခုမဟုတ်သလို သူကိုယ်တိုင် လည်း ပြောင်းလဲသွားခဲ့တဲ့ ကာရိုက်တာတွေရိုက်ထားတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က