ညီမလေးနဲ့ အတူတူ ပြည်ပကို ရောက်ရှိနေတာပါ။

ပိုင်ဖြိုးသုက ချစ်ရသူတွေနဲ့ အတူ နေထိုင်ရတဲ့ ဘဝကတော့ အရမ်းကို ပျော်စရာကောင်းနေပါပြီတဲ့။ အခုလည်း သူ ချစ်ရတဲ့ ညီမလေးနဲ့ New York ကို ရောက်ရှိနေတာဖြစ်ပါတယ်။

Photo: Paing Phyo Thu



ပိုင်ဖြိုးသုက ညီမဖြစ်သူ နိုင်ဖြိုးဦးနဲ့ အတူ New York ကို ရောက်ရှိနေတာပါ။ သူတို့ ညီအစ်မ နှစ်ယောက်ရဲ့ သံယောဇဉ်ကလည်း လူတိုင်း အားကျရလောက်အောင်ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်တဲ့ ညီအစ်မ တွေဖြစ်တယ်လို့လည်း သူက ပြောပြလာပါသေးတယ်။


‘’ကိုယ့်ကချစ်ရသလို ကိုယ့်ကိုလည်းပြန်ချစ်ပေးတဲ့သူတချို့ကြောင့် ဘဝကနည်းနည်း နေသာထိုင်သာရှိတယ်။ ချစ်ညီမ အရူးမ"နိုင်ဖြိုးဥ"နှင့်..’’ ဆိုပြီးတော့ သြဂုတ်လ ၃ ရက်နေ့ မနက် ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ ပိုင်ဖြိုးသုရဲ့ ညီမလေးကတော့ သူမလိုပဲ အင်မတန်ကို ချစ်စရာကောင်းလှပါတယ်။ ပညာရေးမှာလည်း ဆရာဝန်ဘွဲ့ရရှိထားသူလေးဖြစ်ပါတယ်။

Photo: Naing Phyo Oo

ပိုင်ဖြိုးသုက အခုဆိုရင် New York ကို ရောက်ရှိနေတာဖြစ်ပါတယ်။ New York Film Academy မှာ ကျောင်းတက်နေတယ်လို့ သိရပါတယ်။ အချိန်ကာလကလည်း သိပ်မကြာဘူးလို့ ပိုင်ဖြိုးသုက သူ့ရဲ့ We Love လေးတွေ မစိုးရိမ်ရအောင် ပြောခဲ့ပါတယ်။

‘’အဓိကကတော့ New York Film Academy မှာ NYFA မှာ Action for Form ဆိုတဲ့ Class လေး သွားတက်မယ်ပေါ့နော်။ အကြာကြီးတော့ မဟုတ်ဘူး၊ ၁ လ ကျော်ကျော်လောက်ပဲ ကြာမယ်ပေါ့နော်။ ကျောင်းသွားတက်ပြီဆိုတော့ သုသု ပွဲတွေလည်း တက်ဖြစ်မှာ မဟုတ်ဘူး၊ ကြော်ငြာတွေလည်း မရိုက်ဖြစ်ဘူးဆိုတော့ ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်သွားမှာစိုးလို့ အသိပေးတာပါ’’ ဆိုပြီးတော့ ဇူလိုင်လ ၂၀ ရက်နေ့ည က လွှင့်ခဲ့တဲ့ သူ့ရဲ့ ဖေ့စ်ဘွတ် Live မှာ ပြောခဲ့တာဖြစ်ပါတယ်။

Photo: Naing Phyo Oo

ပိုင်ဖြိုးသုဟာ အနုပညာပျိုးခင်း(၂)ရဲ့ စင်တင်မင်းသမီးချောလေး တစ်ယောက်ဖြစ်ပါတယ်။ သူမဟာလက်ရှိအောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။ ပိုင်ဖြိုးသုဟာ ‘’သရဲမ၊ ဘီလူးမ နဲ့ မိန်းမပျို’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ထားသူပါ။ အခုဆိုရင်လည်း ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့ အတူ အနုပညာအလုပ်တွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ သူမဟာ မီရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း Star Awards က ချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က