လွန်ခဲ့တဲ့ ၁၀ နှစ်က စတွေ့ခဲ့ကြတာပါတဲ့။
Sabal Thwin

ခင်လေးနွယ်ကတော့ သူမရဲ့ ချစ်သူကို ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေရှိကြတယ်ဆိုတာကိုလည်း စာသားလှလှလေးတွေနဲ့ ပုံဖော်ခဲ့ပါသေးတယ်။ 

Photo: Aung Ko



သရုပ်ဆောင်ခင်လေးနွယ်ကတော့ သူမရဲ့ ချစ်သူကို အလင်းပြလိုက်ပါပြီ။ ချစ်သူရှိတဲ့အကြောင်း အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပေမယ့် အခုမှ ချစ်သူရဲ့ မျက်နှာကို ပြသလိုက်တာ ဖြစ်ပါတယ်။ 

"ချစ်သူ... အီးရှူ...လွန်ခဲ့သော ၁၀ နှစ်က အမှားတစ်ခုနဲ့ သူရယ်။ မနေ့တစ်နေ့ကထိ အမှားပေါင်းများစွာနဲ့ကျမ ရယ်။ ရှေ့ဆက်မမှားဖို့ ခွန်အားပေးရင်းနဲ့" ဆိုပြီးတော့ ဖေဖော်ဝါရီလ ၄ရက်နေ့ နေ့လည် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ချစ်သူနှစ်ယောက် ကြည်နူးနေတဲ့ ဓာတ်ပုံလေးတွေအောက်မှာ ပရိသတ်များစွာတို့ကလည်း အားကျလို့နေပါတယ်။ 

Photo: Aung Ko

တစ်ကိုယ်တည်းအပျိုကြီးဘဝကို ခံယူထားတဲ့ ခင်လေးနွယ်က အချစ်ရေးအပေါ် သူမရဲ့ ခံယူချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ သေသေချာချာ စဉ်းစားရွေးချယ်ပြီးမှ လက်တွဲခဲ့တဲ့ ချစ်သူဖြစ်တယ်လို့ ဆိုပါတယ်။ 

‘’ဒီအသက်အရွယ်မှာ ရည်းစားကတော့ရှိမှာပေါ့နော်။ အဲဒါကိုမှ ကိုယ်က တစ်သက်လုံး လက်တွဲသွားဖို့ ဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလား ဆိုတာတော့ သေချာစဉ်းစားရမှာပေါ့။ ဒီအရွယ်မှာက အချစ်တစ်ခုတည်းကိုပဲဦးစားပေးရမယ့် အရွယ်တော့ မဟုတ်တော့ဘူးပေါ့နော်။ စဉ်းစားတတ်တဲ့အရွယ်ထဲကို အများကြီးရောက်သွားတာပေါ့။ ကောင်းတာထက် ဖြစ်လာမယ့် ဆိုးကျိုးတွေကို တော်တော်များများစဉ်းစားမိတယ်။ ဘာမှသိပ်မစဉ်းစားပဲနေရင်တော့ ယူဖြစ်တာကြာပြီ။ စဉ်းစားတာ သိပ်များတဲ့အခါကျတော့ အခုလိုဖြစ်သွားတာပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Aung Ko

စီးပွားရေးဘက် ဦးစားပေး လုပ်ဖြစ်နေတဲ့ သူမက ဒီဇိုင်သင်တန်းလည်း တက်နေပါတယ်။ ခင်လေးနွယ်ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှု သိပ်မရှိတော့ပါဘူး။ ပွဲလေးတွေလောက်ပဲ တက်ဖြစ်နေတဲ့ သူမက သူငယ်ချင်းတွေနဲ့ပေါင်းပြီး ဖက်ရှင်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လို့ သိရပါတယ်။ ဖက်ရှင်ဆိုင်နာမည်ကတော့ KAY Fashion & Fabric House ဖြစ်ပါတယ်။ ခင်လေးနွယ်က အခုအချိန်ထိ ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author

  • Sabal Thwin

    Entertainment Reporter


က္က