အဲ့လိုတွေ ပေးထားမိတဲ့ အကျိုးဆက်က ဘာဖြစ်မလဲ။

အချစ်ရေး ကိစ္စနဲ့ ပတ်သက်ပြီး အွန်လိုင်းမှာ ဘာမှ တင်လေ့တင်ထ မရှိတဲ့ သင်ဇာဝင့်ကျော်က ဒီနေ့မှာ သူမရဲ့ အချစ်ရေးကိစ္စ နဲ့ ပတ်သက် ပြီးအကြောင်းအရာလေး တစ်ခုကို တင်ခဲ့ပါတယ်။ ချစ်သူကို ချစ်လွန်းလို့ Password တွေ ပေးထားခဲ့ရာက ရလာတဲ့ အကျိုးဆက်လေး တွေကို ပြောပြထားတာပါ။

Photo : သင်ဇာဝင့်ကျော် FB

 

သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ အချစ်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်လေ့တင်ထ မရှိတဲ့သူပါ။ ဒီနေ့(ဇူလိုင်၈ရက်)မှာ သူမရဲ့ ခံစားချက် စာသားတချို့ ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားတာ တွေ့ရပါတယ်။ အဲ့ဒါက သူမရဲ့ ချစ်သူကို ချစ်လွန်းလို့ Password တွေ ပေးထားရာက ဖြစ်ပေါ်နေတဲ့ ကိစ္စလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်။

Photo : သင်ဇာဝင့်ကျော် FB

 

"အော်!!! ချစ်သူတယောက်ထားမိပါတယ်။ ချစ်လွန်းလို့ Facebook password တွေပေး instagram password တွေပေး I phone Apple ID password တွေပေး သူကအလုပ်နဲ့ပတ်သက်တဲ့ သူတွေရော တချို့ fan တွေရော မဆိုင်တဲ့သူတွေပါ block ထား မိတ်တွေပျက် အထင်တွေ အမှားခံရတာ မတန်တော့ပါလားအခုတော့ တော်တော်စိတ်ပျက်မိပါတယ် " ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၈) ရက်နေ့ က ရေးသား ထားတာဖြစ်ပါတယ်။

Photo : သင်ဇာဝင့်ကျော် FB

အထီးကျန်မှာ မကြောက်တဲ့ သင်ဇာဝင့်ကျော် 

Block ခံထားရသူတွေ၊ unfriend  အလုပ်ခံရထားသူများကိုလည်း သူမက ပြန်ပြီးတောင်းပန်ထားပါသေးတယ်။ သူမရဲ့ ပရိသတ်တွေကလည်း သူမရဲ့ ဖြူစင်တဲ့ စိတ်ကို သိတာကြောင့် အားလုံးက သူမကို ခွင့်လွှတ်ထားပေးကြပါတယ်။

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးလေ့ မရှိပါဘူး။ အမြဲတမ်း တစ်ယောက်တည်း ပုံလေးတွေကို တင်ဖြစ်သလို အချစ်ရေးနဲ့ သက်ဆိုင်တဲ့ ပို့စ်တွေကိုလည်းတင်တတ်တဲ့သူမဟုတ်ပါဘူး။ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေက လည်း စိတ်ဝင်စားလျက် ရှိပါတယ်။

Photo : သင်ဇာဝင့်ကျော် FB

 

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အနုပညာလှုပ်ရှား မှုတွေ ဆက်တိုက်လုပ်ကိုင်လျက် ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က