Handmade ပစ္စည်းလေးတွေ လက်ဆောင်ပေးခဲ့တာပါ။

ပရိသတ်တွေရဲ့ အချစ်တော် နေခြည်ဦးက ချစ်သူအောင်နွေဦးရဲ့ မွေးနေ့မှာ Surprise လုပ်ခဲ့တာပါ။ ချစ်သူအောင်နွေဦးရဲ့ အသ်(၂၄)နှစ်ပြည့်မွေးနေ့လေးမှာ ချစ်သူရှိတဲ့ မန္တလေးကို သွားပြီး ချစ်သူအတွက် အချိန်ပေးခဲ့ပါတယ်။

Photo : နေခြည်ဦး



နေခြည်ဦးက ချစ်သူရဲ့ မွေးနေ့လေးမှာ သူကိုယ်တိုင် ဖန်တီးထားတဲ့ Hand Made ပစ္စည်းလေးတွေနဲ့ ချစ်သူကို မွေးနေ့ Surprise လုပ်ခဲ့ပါတယ်။ ချစ်သူနဲ့ ပတ်သက်တဲ့ ပုံလေးတွေ အမှတ်တရလေးတွေကို စာအုပ်လေးသဖွယ် ဖန်တီးပြီး ချစ်သူအတွက် လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ချစ်သူအတွက် မွေးနေ့ဆုတောင်းလေးကိုလည်း ယခုလို ပြောထားပါသေးတယ်။

“Happy 24th Birthday အားဝေတစ်ယောက်တစ်နယ်ဆီဘဝကနေ အမြဲဆုံးမခွဲအတူရှိချင်တယ်။ မျှော်လင့်ပြီး ကြိုးစားသမျှအရာရာ အောင်မြင်ပါစေ။ ငါနင့်ကို ချစ်တယ် အဲ့ဒါဘဲ ပြောတတ်တယ်” ဆိုပြီး မတ်လ(၁၉) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : နေခြည်ဦး

နေခြည်ဦးရဲ့ ချစ်သူအောင်နွေဦးရဲ့ မွေးနေ့က မတ်လ(၁၉) ရက်နေ့ပါ။ ချစ်သူရဲ့ မွေးနေ့မှာနေခြည်ဦးက မန္တလေးအထိ သွားပြီး ချစ်သူရဲ့ မွေးနေ့လေးကို အတူတူဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ နေခြည်ဦးရဲ့ အချစ်ရေးလေးက ပရိသတ်တွေ အားကျရတဲ့ အချစ်ရေးတစ်ခု ဖြစ်ပါတယ်။ နေခြည်ဦးရဲ့ မွေးနေ့တုန်းကလည်း သူရဲ့ ချစ်သူက တန်ဖိုးကြီးလက်ကိုင်အိတ်တွေနဲ့အတူ နေခြည်ဦးအတွက် မွေးနေ့ Surprise လုပ်ပေးခဲ့ပါသေးတယ်။နေခြည်ဦးက လက်ရှိမှာ အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေသူတစ်ဦးပါ။

Photo : နေခြည်ဦး

နေခြည်ဦးဟာ မကြာခင်မှာ သရုပ်ဆောင် အကယ်ဒမီနေတိုးနဲ့ အတူ ‘’အခမ်းနားဆုံး မေတ္တာ’’ ဆိုတဲ့ရုပ်ရှင်ကားကြီးကို ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒါဟာ သူမအတွက်တော့ နေတိုးနဲ့အတူ ပထမဆုံး သရုပ်ဆောင်ရမယ့် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး၊ ဇင်ဝိုင်း၊တိုင်ရွန်၊သူရိယ၊ စိုးမြတ်သူဇာ၊ နေခြည်ဦးနဲ့ ခင်သဇင်တို့က အဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။

နေခြည်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ရန်သူ’’ ရုပ်ရှင်ကားကြီးဟာ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲ ရဲ့ ဆန်ခါတင်ရုပ်ရှင်ဇာတ်ကား ၂၅ ကားထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ နေခြည်ဦးအတွက် ပထမဆုံး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။ သူမကိုယ်တိုင်ကတော့ အကယ်ဒမီနဲ့ ပတ်သက်တဲ့ ရင်ခုန်သံတွေ ဖွင့်ပြောလာတာမျိုး မရှိသေးပါဘူး။ 

Photo : နေခြည်ဦး

နေခြည်ဦးကိုတော့ Beauty Blogger မလေးတစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာချိန်မှာ ‘’ရန်သူ’’ ၊ ‘’ဧည့်သည်’’၊ ‘’အောက်ဖဲမလှန်ကြေး’’ စတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားပြီးဖြစ်ပါတယ်။ ‘’ရန်သူ’’ ရုပ်ရှင်ကားကြီးကလည်း ၂၀၁၈ ခုနှစ်အတွင်းမှာ ပရိသတ်အရှေ့ကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က