အရမ်းချစ်ကြတဲ့ စုံတွဲလေး။

နေခြည်ဦးက ချစ်သူကောင်လေး အောင်နွေဦးရဲ့ မွေးနေ့မှာ ချစ်သူအရမ်းကြိုက်တဲ့ တန်ဖိုးကြီး ဆိုင်ကယ်တစ်စီးနဲ့ မွေးနေ့ Surprise လုပ်ပေးခဲ့တာပါ။

 

Photo : အောင်နွေဦး



ပရိသတ်တွေရဲ့ အချစ်တော် နေခြည်ဦးက ချစ်သူရဲ့ မွေးနေ့လေးမှာ ချစ်သူအတွက် Surprise တွေ အကြီးကြီး တိုက်ခဲ့ပါတယ်။ ချစ်သူရဲ့ မွေးနေ့ မနက်ပိုင်းမှာ သူကိုယ်တိုင် ဖန်တီးထားတဲ့ Hand Made ပစ္စည်းလေးတွေနဲ့ ချစ်သူကို မွေးနေ့ Surprise လုပ်ခဲ့သလို ညပိုင်းမှာလည်း ချစ်သူကောင်လေးရဲ့ မွေးနေ့ Surprise ထပ်လုပ်ပေးခဲ့တာပါ။ နေခြည်ဦးက ချစ်သူအတွက် တန်ဖိုးကြီး ဆိုင်ကယ်ကြီးကို မွေးနေ့လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ချစ်သူရဲ့ မွေးနေ့လက်ဆောင်လေးကို သူငယ်ချင်းတွေနဲ့တိုင်ပင်ကာ သေချာစီစဉ်ပြီး ပြင်ဆင်ထားခဲ့တာလည်း ဖြစ်ပါတယ်။

Photo : အောင်နွေဦး

နေခြည်ရဲ့ မွေးနေ့လက်ဆောင်ကြောင့် အောင်နွေဦးတစ်ယောက် အရမ်းပျော်ခဲ့တယ်လို့ သူရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါသေးတယ်။

“အတူရှိနေပေးတာရယ် မွေးနေ့လေးကို အမှတ်တရဖြစ်အောင် လုပ်ပေးတာရယ်နဲ့တင် တကယ်ကျေးဇူးတင်တယ်။ ပါရမီဖြည့်ဘက်တင်မဟုတ်ဘဲ ဘဝလက်တွဲဖော်အထိ ဒီမွေးနေ့ကနေစပြီး နောက်မွေးနေ့တွေအများကြီးအထိ  ဖြတ်သန်းချင်တယ် နေခြည် “ ဆိုပြီး မတ်လ(၂၀) ရက်နေ့က အောင်နွေဦးက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာပါ။

Photo : အောင်နွေဦး

နေခြည်ဦးရဲ့ ချစ်သူအောင်နွေဦးရဲ့ မွေးနေ့က မတ်လ(၁၉) ရက်နေ့ပါ။ ချစ်သူရဲ့ မွေးနေ့မှာနေခြည်ဦးက မန္တလေးအထိ သွားပြီး ချစ်သူရဲ့ မွေးနေ့လေးကို အတူတူဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ နေခြည်ဦးရဲ့ အချစ်ရေးလေးက ပရိသတ်တွေ အားကျရတဲ့ အချစ်ရေးတစ်ခု ဖြစ်ပါတယ်။ နေခြည်ဦးရဲ့ မွေးနေ့တုန်းကလည်း သူရဲ့ ချစ်သူက တန်ဖိုးကြီးလက်ကိုင်အိတ်တွေနဲ့အတူ နေခြည်ဦးအတွက် မွေးနေ့ Surprise လုပ်ပေးခဲ့ပါသေးတယ်။နေခြည်ဦးက လက်ရှိမှာ အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလို လုပ်ကိုင်နေသူတစ်ဦးပါ။

Photo : အောင်နွေဦး

နေခြည်ဦးဟာ မကြာခင်မှာ သရုပ်ဆောင် အကယ်ဒမီနေတိုးနဲ့ အတူ ‘’အခမ်းနားဆုံး မေတ္တာ’’ ဆိုတဲ့ရုပ်ရှင်ကားကြီးကို ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒါဟာ သူမအတွက်တော့ နေတိုးနဲ့အတူ ပထမဆုံး သရုပ်ဆောင်ရမယ့် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး၊ ဇင်ဝိုင်း၊တိုင်ရွန်၊သူရိယ၊ စိုးမြတ်သူဇာ၊ နေခြည်ဦးနဲ့ ခင်သဇင်တို့က အဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။

နေခြည်ဦးကိုတော့ Beauty Blogger မလေးတစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာချိန်မှာ ‘’ရန်သူ’’ ၊ ‘’ဧည့်သည်’’၊ ‘’အောက်ဖဲမလှန်ကြေး’’ စတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားပြီးဖြစ်ပါတယ်။ ‘’ရန်သူ’’ ရုပ်ရှင်ကားကြီးကလည်း ၂၀၁၈ ခုနှစ်အတွင်းမှာ ပရိသတ်အရှေ့ကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က