ရိုမန့်တစ် ဆန်ဆန် အမှတ်တရလေးတွေ ပြောပြခဲ့တာပါ။

ဇဏ်ခီကတော့ ချစ်ဇနီးချော ခရစ္စတီးနားခီ အတွက် ချစ်သူသက်တမ်း နှစ်(၂၀) ပြည့်မှာ အမှတ်တရ စကားတွေ အခုလို ပြောပြထားပါတယ်။ 

Photo: Zen Kyi



သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံကတော့ ဒီနေ့(ဇွန်လ ၁၂) ရက်မှာ ချစ်သူသက်တမ်း နှစ်(၂၀) ပြည့်ခဲ့ပြီလို့ သိရပါတယ်။ ချစ်ဇနီးလေးနဲ့ ဆုံတွေ့ခဲ့တဲ့ အမှတ်တရတွေကို ဇဏ်ခီက အခုလို ပြောပြလာပါတယ်။ 

" Happy 20th Anniversary, my love. အနှစ်၂၀ ဆိုပေမယ့် စတွေ့တဲ့နေ့က အူကြောင်ကြောင်ခံစားချက်က တစ်နေ့ကလိုဖြစ်နေတုန်းပဲ။ အူကြောင်ကြောင်ကောင်လေးက အဲ့ဒီတုန်းက fashion ကအရွဲ၊ အလုပ်ကမကောင်း၊ ဘဏ်အကောင့်မရှိ၊ အာပုတ်ဆော်နံပြီး မာနကလည်းကြီးခဲ့သေးတယ်။ ဒါပေမယ့်အဲဒီ့ကောင်လေးက ရည်းစားဖြစ်ခါနီး မိနစ်ပိုင်းအလိုတွေမှာ “ကျွန်တော့် ဘဝထဲဝင်မလာပါနဲ့” လို့ warning ပေးခဲ့ဖူးတယ်။ Warning လား ထောင်ချောက်ဆင်တာလားတော့ အခုချိန်ထိကိုယ့်ဟာကိုမကြိမ်းသေဘူး။ ဒါပေမယ့် ကံကြမ္မာကစီစဉ်ပြီးသားမို့လို့လား ဒါမှမဟုတ် ကောင်လေးရဲ့တော်ကီတွေမှာကြွေသွားလို့လားမသိ ကောင်မလေးနဲ့ကောင်လေး ရူးရူးမိုက်မိုက်ချစ်သွားခဲ့ကြတယ်။ နောက်တော့ကောင်လေးဘာသိလိုက်ရလဲဆိုတော့ ကောင်မလေးကလည်း သူ့လို အရူးလေးပဲဆိုတာကိုပါပဲ။ ဒါကြောင့်ဒီအရူးလေးက အရူးမလေးကို still madly in love ပါလို့.. You will always be my lobster" ဆိုပြီးတော့ ဇွန်လ ၁၂ ရက်နေ့ မနက် ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာရေးသားခဲ့ပါတယ်။ 

Photo: Zen Kyi

သူတို့ ဇနီးမောင်နှံ နှစ်ယောက်ဟာ ၂၀၀၆ ခုနှစ်အတွင်းမှာ လက်ထပ်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ အိမ်ထောင်သက်တမ်း(၁၄) နှစ် ရှိပြီဖြစ်ပါတယ်။ တစ်ဦးတည်းသော သားလေး နိုဝါ ၂၀၁၀ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ သူတို့ မိသားစုလေးကို အားကျလျက်ရှိတဲ့ ပရိသတ်တွေကလည်း အများကြီးပါ။ ဇဏ်ခီ နဲ့ ခရစ္စတီးနားခီတို့ဟာ ပရိသတ် အားပေးမှု အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တွေဖြစ်ကြပါတယ်။ သူတို့ရဲ့ သားလေး နိုဝါကိုလည်း ပရိသတ်တွေက ချစ်ခင်ကြတယ်လို့ သိရပါတယ်။ 

Photo: Zen Kyi

သရုပ်ဆောင် ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံကိုတော့ "ဥပါယ်တံမျဉ်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ဒုတိယမြောက် ရုပ်ရှင်ဖြစ်တဲ့"မုဒြာရဲ့ ခေါ်သံ" ရုပ်ရှင်ကားကြီးရိုက်ကူးခဲ့ကြပါတယ်။ တတိယမြောက်ရုပ်ရှင်ကားကြီးဖြစ်တဲ့ " ထာဝရနှောင်ကြိုး" ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို ပိုမို ရရှိလာခဲ့ကြတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က