အနားမှာ ချစ်သူရှိနေဖို့က အိပ်မက်တစ်ခုပါတဲ့။

ဧငြိမ်းဖြူဟာ အဆိုတော်ရဲရင့်အောင်နဲ့ ချစ်သူဖြစ်ခဲ့တာ ၃ နှစ်ပြည့်ပြီလို့ ဆိုပါတယ်။ ချစ်သူသက်တမ်းတစ်လျှောက်မှာ ရဲရင့်အောင်ကြောင့် ပြောင်းလဲလာခဲ့တာတွေရှိတယ်လို့ ပြောပါတယ်။ 

Photo: A Nyein Phyu



အဆိုတော်ရဲရင့်အောင်နဲ့ မော်ဒယ်လ်သရုပ်ဆောင် ဧငြိမ်းဖြူ တို့ရဲ့ ချစ်သူသက်တမ်း ၃ နှစ်ပြည့်ပြီလို့ သိရပါတယ်။ အရမ်းချစ်တဲ့ ချစ်သူကို ဘေးမှာရှိနေဖို့က အိပ်မက်တစ်ခုပါလို့ ဧငြိမ်းဖြူက ပြောပါတယ်။ 

"အခြားအရာတွေဘာတွေမှလဲ လိုက်လည်းမကြည့်ဘူး။ စိတ်လဲမဝင်စားဘူး။ မက်လဲမမက်မောဘူး။ ဒါပေမယ့် ဘေးနားမှာ ဒီဘဲကြီးရှိနေဖို့ တစ်ခုပဲမက်မောတယ်။ Happy 3years Anniversary" ဆိုပြီးတော့ ဇန်နဝါရီလ ၂၂ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: A Nyein Phyu

ဧငြိမ်းဖြူဟာ ရဲရင့်အောင်နဲ့ ပြဿနာဖြစ်တတ်တဲ့အကြောင်းအရာလေးတွေလည်း ပြောပြခဲ့ပါသေးတယ်။ တကယ်တော့ ကလေးဆန်တဲ့ အပြုအမူလုပ်လိုက်မိတာဖြစ်တဲ့အတွက် ဆင်ခြင်ပါ့မယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 

“ ဧ တို့ ပြဿနာတတ်တဲ့အကြောင်းအရာတွေဆိုရင် ဘာကိစ္စမှ မဟုတ်ဘူး သေးသေးလေးတွေပါ။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကို သူထင်သွားတာက တစ်မျိုး၊ သူပြောတဲ့ စကားကိုလည်း ဧ ထင်သွားတာက တစ်မျိုးပေါ့။ နှစ်ယောက်သား နားလည်မှုလေးတွေ လွဲပြီးတော့ ပြဿနာ ဖြစ်ကြတာပါ။ သူဆုံးမတဲ့ ကြားက ကလေးဆန်တဲ့ အပြုအမူတွေ လုပ်ခဲ့ပါတယ်။ စိုးရိမ်နေတဲ့ ပရိသတ်တွေ ကို တောင်းပန်ပါတယ်။ နောက်ဆို အဲဒီလို မလုပ်တော့ပါဘူး ဆင်ခြင်ပါ့မယ်” လို့သူကဆိုပါတယ်။ 

Photo: A Nyein Phyu

ဧငြိမ်းဖြူကတော့ ချစ်သူဖြစ်တဲ့ အဆိုတော် ရဲရင့်အောင်ကြောင့် ရင့်ကျက်ပြောင်းလဲလာတာတွေရှိတယ်လို့ ဆိုပါတယ်။ သူ့အပေါ်မှာလည်း ရဲရင့်အောင်က လူကြီးဆန်ဆန် နဲ့ ရင့်ကျက်တဲ့အတွေးအခေါ်တွေ ရှိစေချင်တဲ့ ဆန္ဒရှိတယ်လို့သူကပြောပါတယ်။ 

“သူက ဧ စိတ်ကောက်တိုင်း ကလေးတစ်ယောက်လို ဘယ်တော့မှ မချော့ဘူး။ ဖြစ်တဲ့ ပြဿနာတွေဆိုရင် သူက နားလည်အောင်ပဲ ရှင်းပြတာ။ ဧ စိတ်မကောက်နဲ့တော့နော် ဆိုတာမျိုးမဟုတ်ဘူး။ ဧ ရေ ပြဿနာကတော့ ဒီလိုမျိုးရှိတယ်၊ ဒီလိုဖြေရှင်းရမှာ။ တွေးနေတဲ့ အတွေးတွေက မှားနေတယ် ဆိုတာမျိုးတွေပေါ့။ သူက ဧ ကိုအရမ်းရင့်ကျက်ပြောင်းလဲစေချင်တာပေါ့နော်။ သူ အလိုလိုက်သင့်တဲ့ဟာဆို အလိုလိုက်တယ်။ အလိုမလိုက်သင့်တာဆို မလိုက်ဘူး။ အဲဒီလို ထားတဲ့ သူ့ကြောင့် ဧလည်း ရင့်ကျက်ပြောင်းလဲလာပါတယ်”လို့ ဆိုပါတယ်။

Photo: A Nyein Phyu

အဆိုတော်ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ရဲ့ အချစ်ရေးကိုတော့ ၂၀၁၇ ခုနှစ် ဧပြီလ အတွင်းမှာပရိသတ်ကို တရားဝင်ပြောပြလိုက်တာဖြစ်ပါတယ်။ ဧငြိမ်းဖြူကတော့ လက်ရှိမှာ ရေဒီယို ကက်ဆက် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်သလို သူ ဝါသနာပါတဲ့ Dancer အလုပ်ကိုလည်း လုပ်ကိုင်လျှက်ရှိပါတယ်။ ရဲရင့်အောင်ကလည်း ဂီတအလုပ်တွေ ဆက်လက် လုပ်ကိုင်နေတာဖြစ်ပြီး အခုလက်ရှိမှာ သီချင်းအသစ်တွေထွက်ဖို့ရှိတယ်လို့ ဆိုပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က