မော်ဒိုက်ကမ်းခြေက ဓာတ်ပုံတွေတင်ခဲ့ပါတယ်။

သင်ဇာဝင့်ကျော်က သူမရဲ့ချစ်သူကို အလင်းပြလိုက်ပါပြီ။ သူဟာ နိုင်ငံခြားသား တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။




Photo: Thinzar Wint Kyaw



သင်ဇာဝင့်ကျော်ကတော့ သူ့ရဲ့ ချစ်သူကို တရားဝင် ထုတ်ပြလိုက်ပြီဖြစ်ပါတယ်။ မော်ဒိုက်ကမ်းခြေ ခရီးစဉ်မှာ အတူတူရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေကိုလည်း ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

‘’ Together is our favorite place to be’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မေလ ၅ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့ပါတယ်။ အဲဒီနောက် သူမဟာ အဖြူရောင် ဂါဝန်လေးကို ဝတ်ဆင်ထားတာဖြစ်ပြီး ချစ်သူဟာ နိုင်ငံခြားသား တစ်ယောက်ဖြစ်ပါတယ်။ အကျီၤ အမဲရောင် နဲ့ ဘောင်းဘီအဖြူရောင်တို့ကို ဝတ်ဆင်ထားတာပါ။ သူမဟာ ချစ်သူနဲ့ ကြည်ကြည်နူးနူး ရိုက်ထားတဲ့ အလှဓာတ်ပုံလေးတွေကို တင်ခဲ့တာဖြစ်ပါတယ်။

Photo: Thinzar Wint Kyaw

သင်ဇာဝင့်ကျော်ရဲ့ ချစ်သူကိုတော့ ဧပြီလ ၂၃ ရက်နေ့က သူမ တင်ခဲ့တဲ့ ဓာတ်ပုံတွေကနေတဆင့် အလင်းပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူ ဘယ်ဝါဆိုတာကို ပရိသတ်တွေက သိချင်ဇောနဲ့ ရှာဖွေကြတဲ့အခါမှာတော့ Instagram အကောင့်သုံးသူ ‘’enjoytavie’’ ဖြစ်တယ်လို့ သိရပါတယ်။ ‘’enjoytavie’’ အကောင့်မှာလည်း သင်ဇာဝင့်ကျော်ရဲ့ မော်ဒိုက် ကမ်းခြေ က ဓာတ်ပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။

Photo: Thinzar Wint Kyaw

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့ (ချစ်သူများနေ့) တုန်းကလည်း သင်ဇာဝင့်ကျော်အတွက် နှင်းဆီပန်းအနီရောင် တွေနဲ့ အမှတ်တရလက်ဆောင်လေးတွေကို နိုင်ငံခြားကနေ လက်ဆောင်ပို့ပေးခဲ့သူက ဘယ်သူလဲ ဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားခဲ့ကြပါတယ်။ သူမရဲ့ အချစ်ရေးဟာဆိုရင် ပရိသတ်တွေကြားမှာ စိတ်ဝင်စားခြင်းခံခဲ့ရတဲ့ အနေအထားတစ်ခုကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

Photo: Thinzar Wint Kyaw

သင်ဇာဝင့်ကျော်ရဲ့ အနုပညာသက်တမ်းက ကြာပြီဖြစ်ပါတယ်။ ပရိသတ်လက်ခံတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့ အခက်အခဲတွေကြားက ကြိုးစားလာခဲ့ရသူပါ။ သူမကို ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ နဲ့ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။ သူမရဲ့ခန္ဓာကိုယ်အလှအပကလည်း ပရိသတ်တွေ ကြား ရေပန်းစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က