Sabal Thwin

လင်းဇာနည်ဇော်က ဖခင်ဖြစ်သူ ကွယ်လွန်တာ ၇ လပြည့်ခဲ့တဲ့အပေါ် လွမ်းဆွတ်သတိရနေတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ သူမရဲ့ ဖခင်ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

Photo: Linn Zarni Zaw

သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့ ဖခင်ဖြစ်သူ ဒါရိုက်တာ ဦးခင်ဇော်ကွယ်လွန်တာ ဇူလိုင် ၃ ရက်နေ့ဆိုရင် ၇ လပြည့်ပြီဖြစ်ပါတယ်။ ဖခင်ကို မမေ့နိုင်သေးတဲ့ ရင်ထဲက စကားကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။

‘’(၇)လတိတိရှိသွားပေမယ့် သမီးတို့ရင်ထဲမှာဖေဖေအမြဲရှိနေတယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၃ ရက်နေ့ ညနေ ၄ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ဖခင်ဖြစ်သူရဲ့ အုတ်ဂူကို သန့်ရှင်းရေး လုပ်ပေးနေကြတဲ့ သူတို့ ညီအစ်မ နှစ်ဦးရဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် ကျိုက်မှော်ဝန်း ရေလယ် စေတီတော်မှာလည်း အလှူအတန်းတွေ လုပ်ခဲ့တာ တွေ့ရပါတယ်။

Photo: Linn Zarni Zaw

လင်းဇာနည်ဇော် ရဲ့ ဖခင် ဦးခင်ဇော်ဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ညက ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ သူတို့ မိသားစုကတော့ အနုပညာတွေ စုပေါင်းနေတဲ့ မိသားစုလေးဆိုရင်လည်း မမှားပါဘူး။ သူတို့ရဲ့ ဖခင်ဖြစ်သူကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဒါရိုက်တာ ဦးခင်ဇော်ပါ။ သူတို့ရဲ့ အစ်ကိုဖြစ်သူကတော့ ဒါရိုက်တာ မိုက်တီးဖြစ်ပါတယ်။

Photo: Linn Zarni Zaw

သရုပ်ဆောင် လင်းဇာနည်ဇော်ဟာ အမဖြစ်သူ ချစ်ချစ်ဇော်နဲ့အတူ ရွှေတောင်ခေါက်ဆွဲရောင်းတဲ့ လုပ်ငန်းကို လုပ်ကိုင်နေရုံသာမက ကိုယ်ပိုင်ထုတ်လုပ်ရေး တစ်ခုကိုပါ တည်ထောင်ထားတယ်လို့ သိရပါတယ်။ သူတို့ရဲ့ ထုတ်လုပ်ရေးကနေ ပထမဆုံး ပွဲဦးထွက် ဇာတ်ကားအဖြစ် " မြန်မာပေါကားတွေ ရပ်"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း ရိုက်ကူးထားပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က