မိန်းကလေးတစ်ယောက်လို ခံစားမိသွားတယ်။

ရဲရင့်အောင်ကတော့ သူ့ရဲ့ အသက်(၂၇) နှစ်ပြည့်မွေးနေ့မှာ ချစ်သူလေး ဧငြိမ်းဖြူရဲ့ Birthday Surprise ကြောင့် အံ့သြဝမ်းသာဖြစ်ခဲ့ရတာတွေကို အခုလို ပြောပြလာပါတယ်။ 

Photo: A Nyein Phyu

အဆိုတော် ရဲရင့်အောင်ကတော့ သြဂုတ်လ(၁၈) ရက်နေ့တုန်းက အသက်(၂၇) နှစ်ပြည့်ခဲ့တာ ဖြစ်ပါတယ်။ မွေးနေ့ အမှတ်တရ အနေနဲ့ သူ့ရဲ့ ချစ်သူလေး ဧငြိမ်းဖြူကတော့ ရဲရင့်အောင် မထင်ထားရလောက်တဲ့ Surprise မျိုးပြုလုပ်ပေးခဲ့တာပါ။ ဒါကြောင့် ဧငြိမ်းဖြူရဲ့ ကြိုးစား အားထုတ်မှုတွေ အပေါ် ရဲရင့်အောင်က အခုလို ပြောပြလာပါတယ်။ 



" ကျွန်တော့်ကို သူ Surprise တွေ ခဏခဏ လုပ်ပေးဖူးပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော့်ကိုယ် ကျွန်တော် ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်လို ခံစားရတယ်။ မျက်နှာတွေဘာတွေ စည်းပြီးတော့ အရှေ့ကို လျှောက်လာတာ မိန်းကလေးတစ်ယောက်လိုပဲ။ ရင်တွေခုန်ပြီးတော့ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျချင်စိတ်တွေ အရမ်းပေါက်လာတယ်။ ဒါတောင် ကျွန်တော် တော်တော်ထိန်းထားတာပါ" ဆိုပြီးတော့ ချစ်သူလေး ဧငြိမ်းဖြူရဲ့ Birthday Surprise ဗီဒီယို ဖိုင်လေးထဲမှာ ပြောပြထားတာ ဖြစ်ပါတယ်။ 

Photo: A Nyein Phyu

ရဲရင့်အောင်အတွက် Birthday Surprise အမှတ်တရ ဗီဒီယို ဖိုင်လေးထဲမှာတော့ ရဲရင့်အောင်ရဲ့ သီချင်း(၁၀)ပုဒ်ကို ပေါင်းပြီး ဧငြိမ်းဖြူက သီချင်းတွေ ဆိုပြထားတာပါ။ ချစ်သူလေးကို သီချင်းတွေ ဆိုစေချင်တဲ့ ရဲရင့်အောင်အတွက်တော့ တကယ်ကို အံ့သြဝမ်းသာဖြစ်ခဲ့ရပါတယ်။ ဒီဗီဒီယိုဖိုင်လေးကို ဧငြိမ်းဖြူက သြဂုတ်လ(၂၄) ရက်နေ့ ညနေ(၆) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ တင်ခဲ့တာဖြစ်ပြီး ပရိသတ်များစွာတို့ရဲ့ အားကျခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ရဲရင့်အောင် အတွက် ဧငြိမ်းဖြူလုပ်ပေးတဲ့ Birthday Surprise ဗီဒီယိုဖိုင်လေးကို မိတ်ဆက်ပေးလိုက်တဲ့ (၁၄) နာရီအတွင်းမှာ အားပေးကြည့်ရှုသူ ပရိသတ်ပေါင်း(၇၇၀၆၀၀) ရှိခဲ့တာကို တွေ့ရပါတယ်။ 

Photo: A Nyein Phyu

ဧငြိမ်းဖြူကတော့ သူမကို သီချင်းဆိုစေချင်တဲ့ ချစ်သူ ရဲရင့်အောင် အတွက် ကိုယ်တိုင် ကြိုးစားအားထုတ်ခဲ့ရတဲ့ အမှတ်တရလေးတွေကို ပြောပြလာပါတယ်။ 

" Birthday Present For Ku ။ A သူ့အတွက်မွေးနေ့လက်ဆောင်လေးကို သူ့ရဲ့သီချင်းတွေက 10 ပုဒ်ကို mashup cover လေးလုပ်ခဲ့ပါတယ်။ A သည်လုံးဝလုံးဝသီချင်းမဆိုတတ်ပါဘူး။ A ဘဝမှာအကြောက်ရဆုံးအားနည်းချက်က A အသံနဲ့ပက်သက်ပြီး ဘယ်တော့မှလုံးဝယုံကြည်မူမရှိတဲ့လူပါ။ A အတွက်မလွယ်ကူတဲ့အရာလေးကို သူ့ကိုပျော်စေချင်တဲ့စိတ်လေးတစ်ခုနဲ့ A ခက်ခက်ခဲခဲကြိုးစားခဲ့တာပါ။ A အသံကတော့ဆိုးနေပေမဲ့ ဒီ Video ထဲမှာ A ချစ်ခြင်းမေတ္တာတရားတွေတော့ အပြည့်အဝမြင်ရမှာပါ။ A အတွက်တော့လုံးဝတန်ဖိုးမဖြတ်နိုင်တဲ့ သူ့အတွက်မွေးနေ့လက်ဆောင်လေးပါ" ဆိုပြီးတော့ သြဂုတ်လ (၂၄) ရက်နေ့ ညနေ(၆) နာရီကျော်က ဧငြိမ်းဖြူရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: A Nyein Phyu

အဆိုတော်ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ရဲ့ အချစ်ရေးကိုတော့ ၂၀၁၇ ခုနှစ် ဧပြီလ အတွင်းမှာပရိသတ်ကို တရားဝင်ပြောပြလိုက်တာဖြစ်ပါတယ်။ ဧငြိမ်းဖြူကတော့ လက်ရှိမှာ ရေဒီယို ကက်ဆက် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်လာရပြီဖြစ်ပါတယ်။ အဲဒီနောက် သူ ဝါသနာပါတဲ့ Dancer အလုပ်ကိုလည်း လုပ်ကိုင်လျှက်ရှိပါတယ်။ ရဲရင့်အောင်ကလည်း ဂီတအလုပ်တွေ ဆက်လက် လုပ်ကိုင်နေတာဖြစ်ပြီး သြဂုတ်လ (၁၈) ရက်နေ့မှာတော့ သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ G.O.A.T ဆိုတဲ့ Album အသစ်လည်း ထွက်ရှိထားပါသေးတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က