သူမဟာ အသက် ၂၅ နှစ်ပြည့်ပြီဖြစ်ပါတယ်။

ဒီနေ့ (ဇူလိုင် ၂၇) ရက်နေ့မှာတော့ အဆိုတော်၊ သရုပ်ဆောင် ဝါဆိုမိုးဦးဟာ အသက် ၂၅ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ချစ်သူဖြစ်တဲ့ ဖြိုးလေးကလည်း ပျော်စရာကောင်းတဲ့ မွေးနေ့ Surprise လုပ်ပေးခဲ့ပါတယ်။

Photo: Phyo Lay

ဇူလိုင်လ ၂၇ ရက်နေ့ကတော့ ဝါဆိုမိုးဦးရဲ့ မွေးနေ့ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူမဟာ အသက် ၂၅ နှစ်ပြည့်ပါပြီ။ ဒါကြောင့် အမှတ်တရဖြစ်တဲ့ မွေးနေ့လေးမှာ သူ့ရဲ့ ချစ်သူနဲ့အတူ မောင်နှမတွေအကုန်လုံးက မွေးနေ့ Surprise လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။


‘’၁၂ နာရီဆိုသိမှာစိုးလို့ ၁၀ခွဲမှာ ကြိုလုပ်ဖို့ဦးဆောင်စီစဉ်သူ အချစ်တုံးကြီးနဲ့ အပေါင်းအပါအချစ်ကလေးများ Unexpected Surprise form My lovely Squad .Thz u so much all, My25thbirthday’’ ဆိုပြီးတော့ ဇူလိုင်လ ၂၆ ရက်နေ့ ည ၁၁ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။

Photo: Phyo Lay

ဝါဆို့အတွက်ကိုတော့ သူချစ်ရတဲ့ ပရိသတ်တွေ၊ အနုပညာမောင်နှမတွေနဲ့ မိသားစုဝင်တွေကလည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မွေးနေ့ဆုတောင်းစကားတွေ အများကြီး ပြောထားကြတာ တွေ့ရပါတယ်။ အဲဒီအထဲမှာမှ သူမရဲ့ချစ်သူဖြစ်တဲ့ အဆိုတော် ဖြိုးလေး(Snare) ကလည်း မွေးနေ့ဆုတောင်း စကားဆိုထားပါသေးတယ်။

‘’ Happy Birthday ငါ့သဲလေး???? ကိုဖြိုးလေး ကို ဒီထက်မက ပိုချစ်နိုင်ပါစေ’’ ဆိုပြီးတော့ မွေးနေ့ ဆုတောင်းစကား ပြောထားပါသေးတယ်။

Photo:HPY

ဝါဆိုမိုးဦးက သူမရဲ့ မွေးနေ့မှာ ‘’နင့်ရဲ့ အဝေး’’ ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကို မိတ်ဆက်ပေးမယ်လို့ သိရပါတယ်။


‘’ဝါဆိုရဲ့မွေးနေ့လက်ဆောင်အနေနဲ့ သီချင်းလေးတစ်ပုဒ် လက်ဆောင်ပေးမယ်နော် မနက်ဖန် profile ပုံလေးတွေ၂၇ ရက်နေ့အတွက်အတူတူချိန်ကြမယ်နော်’’ ဆိုပြီးတော့ ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားထားတာ တွေ့ရပါတယ်။

Photo: HPY

ဝါဆိုမိုးဦးဟာ တီဗီကြော်ငြာပေါင်းများစွာ၊ ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့ကို ရိုက်ကူးခဲ့ဖူးတဲ့ သရုပ်ဆောင် တစ်ယောက်ပါ။ သူမကိုတော့ ပရိသတ်တွေက သရုပ်ဆောင် တစ်ယောက်အနေနဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဂီတအလုပ်နဲ့ ပတ်သက်ပြီး သီချင်းတွေဆိုရင်း ‘’မိုက်လား ပြောကြည့်’’ တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။

Share

Loading Next Article...
က္က