ဧပြီ(၂၂) ရက်နေ့က ဆံချခဲ့တယ်လို့ သိရပါတယ်။

ဝိုင်းစုခိုင်သိန်းက ချစ်သူအောင်လနဲ့အတူတူ သာသနာ့ဘောင်ထဲ ဝင်ခဲ့တယ်လို့ သိရပါတယ်။

Photo : ဝိုင်းစုခိုင်သိန်း FB



ဝိုင်းစုခိုင်သိန်းက ချစ်သူအောင်လနဲ့အတူတူ ဧပြီ(၂၂) ရက်နေ့က သာသနာ့ဘောင်ထဲသို့ ဝင်ရောက်ခဲ့ပါတယ်။ ချစ်သူနဲ့အတူ ဆံချနေတဲ့ ပုံရိပ်လေးတွေ ကိုလည်းဝိုင်းစုရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဧပြီ(၂၂) ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။သာသနာ့ဘောင်ထဲ မဝင်ခင် ဆံချပြီး ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေက ကြည်နူးလို့ နေကြပါတယ်။

Photo : ဝိုင်းစုခိုင်သိန်း FB

အောင်လ နဲ့ ဝိုင်းစုခိုင်သိန်း တို့ဟာ အခက်အခဲ၊ အတိုက်အခိုက်တွေ ကြားထဲက လက်တွဲလာခဲ့ကြတဲ့ ချစ်သူ နှစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း သူတို့ ချစ်သူ နှစ်ဦးဟာ စစ်မှန်တဲ့ ဘဝလက်တွဲဖော်အဖြစ် မိသားစုဘဝကို တည်ဆောက်ချင်တယ်လို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂ရက်နေ့ ည ၁၀နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ဖူးပါတယ်။

''အခုလက်ရှိအချိန်မှာ ဝိုင်းစု အရမ်းပျော်တယ်။ ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ်ဆိုတာ တဖြည်းဖြည်း ပိုပို သိလာရတယ်။ အဲ့ဒီ အတွက်လည်း ရင်ထဲက အစစ်အမှန်လာတဲ့ မေတ္တာစစ်တွေအတွက် ကျေးဇူးတင်ပါတယ် 'ကို' ဝိုင်းစုတို့ နှစ်ယောက်အတွက် အရေးအကြီးဆုံးက ငွေကြေးဥစ္စာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ ဘဝလက်တွဲဖေါ်နဲ့ သာယာအေးချမ်းတဲ့ မိသားစုဘဝကိုပဲ တည်ဆောက်ချင်တာပါ။ အဲ့ဒီဘဝကို အခုပိုင်ဆိုင်ထားရတဲ့အတွက်လည်း ပီတိဖြစ်တယ်'' လို့ ဆိုပါတယ်။

Photo : ဝိုင်းစုခိုင်သိန်း FB

အာင်လနဲ့ ဝိုင်းစုတို့ဟာ လက်ရှိမှာ ဖျော်ဖြေရေးပွဲတွေ အတူတူသွားဖြစ်နေတာ တွေ့ရပါတယ်။ အဆိုတော် အောင်လနဲ့ ဝိုင်းစုတို့အတွဲ လေးက တကယ့်ကို ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ အချစ်ရေးကိုပိုင်ဆိုင်ထားကြတာပါ။ ဝိုင်းစုရဲ့ လတ်တလော အချစ်ရေးကတော့ အေးအေး ဆေးဆေး ဖြစ်နေပြီး စိတ်ချမ်းသာနေရတာကိုလည်း တွေ့ရပါတယ်။ အဆိုတော် အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ နှစ်ယောက်ကတော့ ၂၀၁၇ ခုနှစ်အတွင်းမှာ ချစ်သူတွေအဖြစ် တရားဝင်တွဲခဲ့တာ ဖြစ်ပါတယ်။

Photo : ဝိုင်းစုခိုင်သိန်း FB

အခုတော့ နှစ်ယောက်အတူတူ အနုပညာလှုပ်ရှားမှုတွေ လုပ်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း ဝိုင်းစုက ပရိသတ်တွေ အတွက် သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကနေ သီချင်းသစ်တစ်ပုဒ် တင်ပေးခဲ့ပါသေးတယ်။ အဲ့ဒီသီချင်းလေးနာမည်က "ပြတ်စာ"ပါ။ အမိုက်စား ပုံဖော်ထားတဲ့ MTV နဲ့အတူ ပြတ်စာဆိုတဲ့ သီချင်းလေးကို နိုဝင်ဘာ(၂၀) ရက်နေ့က တင်ခဲ့ပါတယ်။ သူမရဲ့ သီချင်းသစ်လေးဟာလည်း ပရိသတ်တွေ အကြိုက်တွေ့စေခဲ့ပါတယ်။ ဝိုင်းစုဟာ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို ထွက်ရှိထားပြီးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က