ပျော်နေရောပဲနော်။
Ei Ei Myat

သင်ဇာဝင့်ကျော်ကတော့ ချစ်သူသွားချင်တဲ့နေရာလေးတွေ လိုက်ပို့နေတာ တွေ့ရပါတယ်။ သူမရဲ့ ချစ်သူက မြန်မာနိုင်ငံကို ရောက်နေတာပါ။

 

Photo : သင်ဇာဝင့်ကျော် FB

သရုပ်ဆောင် သင်ဇာဝင့်ကျော်က သူမချစ်သူနဲ့အတူ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမျှော်ခဲ့တာ တွေ့ရပါတယ်။ ချစ်သူနဲ့အတူတူ ဘုရားဖူးပြီး ပရိသတ်တွေနဲ့လည်း ရင်းရင်းနှီးနှီးတွေ့ခဲ့ပြီး ဓာတ်ပုံတွေ ရိုက်ပေးခဲ့တာ တွေ့ရပါတယ်။ သင်ဇာက လက်ရှိမှာ မြန်မာပြည်အထိ လာပြီး သူမကို တွေ့တဲ့ချစ်သူကြောင့်အရမ်းကို ပျော်လို့နေပါတယ်။ ချစ်သူနဲ့အတူ ခရီးတွေထွက်ဖြစ်နေတာလည်း တွေ့ရပါတယ်။ သူမချစ်သူရဲ့ အင်စတာဂရမ်မှာလည်း မြန်မာနိုင်ငံရဲ့ အလှအပပုံရိပ်လေးတွေကို တင်ထားတာတွေ့ရပါသေးတယ်။

Photo : သင်ဇာဝင့်ကျော် FB

Long Distance Relationship ကိုပိုင်ဆိုင်ထားတဲ့ သင်ဇာဝင့်ကျော်ဟာ ချစ်သူနဲ့အတူတူခရီးတွေသွားနေရလို့ အရမ်းပျော်နေတာပါ။ သင်ဇာဝင့်ကျော်ရဲ့ ချစ်သူကိုတော့ ၂၀၁၉ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့က သူမ တင်ခဲ့တဲ့ ဓာတ်ပုံတွေကနေတဆင့် အလင်းပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူ ဘယ်ဝါဆိုတာကို ပရိသတ်တွေက သိချင်ဇောနဲ့ ရှာဖွေကြတဲ့အခါမှာတော့ အင်စတာဂရမ် အကောင့်သုံးသူ ‘’enjoytavie’’ ဖြစ်တယ်လို့ သိရပါတယ်။ ‘’enjoytavie’’ အကောင့်မှာလည်း သင်ဇာဝင့်ကျော်ရဲ့ မော်ဒိုက် ကမ်းခြေ က ဓာတ်ပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။

Photo : သင်ဇာဝင့်ကျော် FB

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့ (ချစ်သူများနေ့) တုန်းကလည်း သင်ဇာဝင့်ကျော်အတွက် နှင်းဆီပန်းအနီရောင် တွေနဲ့ အမှတ်တရလက်ဆောင်လေးတွေကို နိုင်ငံခြားကနေ လက်ဆောင်ပို့ပေးခဲ့သူက ဘယ်သူလဲ ဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားခဲ့ကြပါတယ်။ သူမရဲ့ အချစ်ရေးဟာဆိုရင် ပရိသတ်တွေကြားမှာ စိတ်ဝင်စားခြင်းခံခဲ့ရတဲ့ အနေအထားတစ်ခုကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

Photo: Thinzar Wint Kyaw

သင်ဇာဝင့်ကျော်ရဲ့ အနုပညာသက်တမ်းက ကြာပြီဖြစ်ပါတယ်။ ပရိသတ်လက်ခံတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့ အခက်အခဲတွေကြားက ကြိုးစားလာခဲ့ရသူပါ။ သူမကို ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ နဲ့ တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။ သူမရဲ့ခန္ဓာကိုယ်အလှအပကလည်း ပရိသတ်တွေ ကြား ရေပန်းစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။


က္က