ချစ်သူသက်တမ်း ၂ နှစ်ပြည့်ပြီးပါပြီ။

ဧငြိမ်းဖြူက ချစ်သူဖြစ်တဲ့ ရဲရင့်အောင်နဲ့အတူ ကြည်နူးဖို့ကောင်းတဲ့ အမှတ်တရလေးတွေ ပြောလာပါတယ်။ သူတို့ ချစ်သူနှစ်ဦးဟာ ချစ်သူသက်တမ်း ၂ နှစ်ပြည့်ပြီးဖြစ်ပါတယ်။

Photo: A Nyein Phyu

ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ ချစ်သူနှစ်ယောက်ရဲ့ ကြည်နူးစရာ အမှတ်တရလေးကို ဧငြိမ်းဖြူက ပြောပြလာပါတယ်။ သူတို့ ချစ်သူနှစ်ဦးစလုံးဟာ အနုပညာရှင်တွေ ဖြစ်ကြသလို ပရိသတ် အားပေးမှုကိုလည်း ရရှိထားကြသူတွေပါ။

‘’ကိုယ်တို့နှစ်ယောက်အတွက် ပီတိအဖြစ်ဆုံးအရာက ဘုရားပေါ်ရောက်တိုင်း ဗုဒ္ဓဟူးထောင့်မှာ ရေတူတူ သပ္ပါယ်ရတာပဲ’’ ဆိုပြီးတော့ မတ်လ ၂၇ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် သူတို့ ချစ်သူနှစ်ဦး ဘုရားမှာ ဆီမီး၊ အမွှေးတိုင် ကုသိုလ်ပြုနေတဲ့ ဓာတ်ပုံလေးလည်း တင်ခဲ့တာကို တွေ့ရပါတယ်။

Photo: A Nyein Phyu

အဆိုတော် ရဲရင့်အောင် နဲ့ Dancer မလေး ဧငြိမ်းဖြူ တို့ဟာ မတ်လ ၂၂ ရက်နေ့မှာပဲ ချစ်သူသက်တမ်း နှစ်ပတ်လည်နေ့လေးကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ သူတို့ ချစ်သူ နှစ်ဦးက အခုဆိုရင် ၂ နှစ်တာ ကာလကို ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

‘’Happy Anniversary ပါ အရူးမရေ ‘’ ဆိုပြီးတော့ ချစ်သူလေး ဧငြိမ်းဖြူကို စနောက်ပြီးသူ့ရဲ့ Facebook Story မတ်လ ၂၂ ရက်နေ့ ည ၉ နာရီကျော်မှာ တင်ခဲ့ပါတယ်။ အဲဒီနောက်

ဧငြိမ်းဖြူရဲ့ Facebook Story မှာလည်း Happy 26 လေ အရူးကြီးရေ ‘’ ဆိုပြီးတော့လည်းပြန်လည်ရေးသားထားတာကို တွေ့ရပါတယ်။

Photo: A Nyein Phyu

သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်နေပြီဆိုတာကိုတော့ ၂၀၁၇ ခုနှစ် ဧပြီလ အတွင်းမှာ ပရိသတ်တွေကို ပြောပြခဲ့တာဖြစ်ပါတယ်။ ရဲရင့်အောင်ဟာ ဂီတဘက်မှာ ထူးချွန်သူဖြစ်သလို ဧငြိမ်းဖြူက လည်း သရုပ်ဆောင်ဘက်မှာရော အက ဘက်မှာပါ ထူးချွန်သူ တစ်ဦးဖြစ်ပါတယ်။ ဧငြိမ်းဖြူဟာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်းဦးကြည်စိုးထွန်းရဲ့ မြေး ဖြစ်ပြီး၊ ဒါရိုက်တာ ဒေါ်သီတာလင်းရဲ့ သမီးငယ် တစ်ယောက်ပါ။

Photo: A Nyein Phyu

အဆိုတော် ရဲရင့်အောင်နဲ့ မော်ဒယ်လ် Dancer မယ်လေး ဧငြိမ်းဖြူ တို့ အတွဲကိုတော့ မသိတဲ့ပရိသတ် မရှိသလောက်ပါပဲ။ နှစ်ယောက် စလုံးဟာ လူငယ်တွေလည်း ဖြစ်သလို အောင်မြင်လျှက်ရှိတဲ့ အနုပညာရှင် စုံတွဲတစ်တွဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ရဲရင့်အောင်ဟာ သီချင်းတွေ ဖန်တီးနေတာဖြစ်သလို ဧကြိမ်းဖြူကလည်း သရုပ်ဆောင် အလုပ်ကို လုပ်နေတာ တွေ့ရပါတယ်။



က္က