ဒီနေ့မှာ လက်မှတ်ထိုးလိုက်ကြတာပါ။
Ei Ei Myat

အမေနဲ့သမီးပဲ ရှိတဲ့ဘဝလေးမှာ မှီစရာပုံလေးတစ်ခု နားခိုစရာ ရင်ခွင်လေး တစ်ခုလိုချင်ခဲ့တဲ့ အိမ့်ချစ်ဖို့ ဒီနေ့(ဇွန်လ၆ရက်)မှာတော့ လိုချင်တဲ့ပခုံးလေးတစ်ခုနဲ့ ကမ်းလင့်တဲ့လက်လေး တစ်စုံကိုပိုင်ဆိုင်ခွင့်ရခဲ့ပြီ။

 

Photo Nyi Hla Baw

အိမ့်ချစ်ကတော့ သူမရဲ့ ချစ်သူနဲ့အတူ ဒီနေ့မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း ပရိသတ်တွေကို ပြောပြလာပါတယ်။ အမေနဲ့သမီးပဲ ရှိတဲ့ဘဝလေးမှာ မှီစရာပုံလေးတစ်ခု နားခိုစရာ ရင်ခွင်လေး တစ်ခုလိုချင်ခဲ့တဲ့ အိမ့်ချစ်ဖို့ ဒီနေ့(ဇွန်လ၆ရက်)မှာတော့ လိုချင်တဲ့ပခုံးလေးတစ်ခုနဲ့ ကမ်းလင့်တဲ့လက်လေး တစ်စုံကိုပိုင်ဆိုင်ခွင့်ရခဲ့ပြီ။

မေလတုန်းက သူတို့နှစ်ယောက်ရဲ့ စေ့စပ်ပွဲလေး မကျင်းပလိုက်ရပေမယ့် ဒီနေ့လေးကိုတော့ ရည်ရွယ်ထားတဲ့အတိုင်း လက်မှတ်ရေးထိုးဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“မေတ္တာတရားတွေလွှမ်းခြုံပြီးဒီနေ့ ၆.၆.၂၀၂၀ မှာအိမ့်ချစ်တို့ ချစ်သူနှစ်ဦးနှစ်ဖက်မိဘများနဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီးရှေ့မှောက်မှာ မင်္ဂလာမော်ကွန်းတင်လက်မှတ် ရေးထိုးခဲ့ကြပါပြီ။ ဘဝကိုခက်ခက်ခဲခဲပင်ပင်ပန်းပန်းဖြတ်သန်းလာပြီးလှမ်းကြည့်လိုက်တိုင်းမှာအမေပဲရှိခဲ့တာ မပြည့်စုံတဲ့ မိန်းမတစ်ယောက်ရဲ့နေ့ရက်တွေကခါးသီးလွန်းခဲ့တယ် ခက်ခဲတဲ့အချိန်တွေဖြတ် ကျော်ရတိုင်းပင်ပန်းတဲ့အချိန်တွေရင်ဆိုင်ရတိုင်းမှာ မှီစရာပခုံးလေးတစ်ခု နားခိုစရာရင်ခွင်လေး တစ်ခုလိုချင်ခဲ့တာ...ဒီနေ့မှာတော့ လိုချင်ခဲ့တဲ့ပခုံးလေးတစ်ခု

ကမ်းလင့်တဲ့ လက်လေးတစ်စုံ ကိုပိုင်ဆိုင်ခွင့်ရခဲ့ပြီ” လို့ ဇွန်လ(၆)ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo Nyi Hla Baw

မေလမှာ စေ့စပ်ပွဲလေး မလုပ်ဖြစ်ခဲ့ပေမယ့် ဒီနေ့လေးကိုတော့ ရည်ရွယ်ထားတဲ့အတိုင်း လက်မှတ်ရေးထိုးခဲ့ကြပြီလို့ သူမက ဆိုပါတယ်။ မင်္ဂလာဧည့်ခံပွဲကြီးကိုတော့ ကပ်ရောဂါတွေ ပြီးမှ ကျင်းပမယ်ဖြစ်ကြောင်းကိုလည်းပြောထားပါသေးတယ်။

“မေလတုန်းကစေ့စပ်ပွဲလေးကိုတော့ဖျက်လိုက်ရပေမယ့် ရည်ရွယ်ထားစီစဉ်ထားတဲ့အတိုင်း ဒီနေ့မှာလက်မှတ်ရေးထိုးခဲ့ကြပါပြီ။ မင်္ဂလာဧည့်ခံပွဲကတော့ ကပ်ရောဂါကြီးပြီးဆုံးသွားတဲ့အချိန်အားလုံးအေးချမ်းသွားတဲ့အချိန်မှပဲ ကျင်းပပါမယ်ရှင့်အိမ့်ချစ်ကိုချစ်သလို အိမ့်ချစ်ရဲ့လက်တွဲဖော်ကိုလဲ ချစ်ပေးကြပါ”ဆိုပြီး ဆက်လက်ပြောပြထားပါတယ်။

Photo Nyi Hla Baw

အိမ့်ချစ်ကတော့ သူမရဲ့ ချစ်သူကို ဖေဖော်ဝါရီလ ၅ ရက်နေ့က စပြီး ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ပရိသတ်နဲ့ မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ အဲဒီနေ့ကလည်း သူမကို လက်ထပ်ခွင့်တောင်းတဲ့နေ့ အမှတ်တရ ဖြစ်ပါတယ်။ ပရိသတ်တွေကြားမှာတော့ အရမ်းကို အားကျခဲ့ရတဲ့ စုံတွဲတစ်တွဲဖြစ်ခဲ့ပါတယ်။

အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော်ဖြေလာသူတစ်ဦးပါ။ အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် သြဂုတ်လ အတွင်းကလည်း သူမရဲ့ဖခင် ဦးချစ်ကောင်းရယ်၊ မောင်လေးဖြစ်တဲ့ ဂျူနီယာချစ်ကောင်းရယ် သုံးယောက်ပေါင်းပြီး FG live Lounge.. ပွဲ လုပ်ခဲ့ပါသေးတယ်။ 

 

 

 


က္က