ကိုယ်တိုင် Produce လုပ်ပေးနေတာပါ။

ပရိုဂျူဆာတစ်ယောက်အဖြစ်ပါ ရပ်တည်သွားမယ်ဆိုတဲ့ ပိုပိုက စုစန္ဒီထွန်းအတွက် သီချင်းတွေ ကိုယ်တိုင် ရေးပေးနေပါတယ်။ စုစန္ဒီထွန်းရဲ့ သီချင်းများကို Million Dreams Record Label ကနေ ပ်မံထွက်ရှိလာဦးမယ်လို့ ဆိုပါတယ်။

 

Photo : ပိုပို

ပိုပိုရဲ့ Million Dreams Record Label ကနေ ပထမဆုံး အနုပညာရှင်အဖြစ် စုစန္ဒီထွန်းကို စတင်မိတ်ဆက်လို့နေပါပြီ။ ပရိုဂျူဆာအဖြစ်ပါ ရပ်တည်သွားမယ့် ပိုပိုဟာ လူငယ်မျိုးဆက်သစ်များကို မြေတောင်မြှောက်ပေးသွားဖို့ ရှိတယ်လို့ အင်တာဗျူးတွေ မှာ ဖြေဆိုဖူးပါတယ်။ လက်ရှိမှာ သူမက စုစန္ဒီထွန်းအတွက် သီချင်းတွေ ရေးပေးနေပြီး တစ်ကိုယ်တော်အခွေ ထွက်နိုင်ဖို့အတွက် ပြင်ဆင်ပေးလို့နေပါတယ်။

“Million Dreams Record Label ရဲ့ ပထမဆုံးArtist ဖြစ်လာမဲ့ စုစန္ဒီထွန်း (Orchid May) ပိုပိုနဲ့ စသိကတည်း က Vocal Power အရမ်း ကောင်းပြီး အထာကျကျ သီချင်းဆိုတတ်တဲ့ သူမို့လို့ ကိုဆောင်းဦးလှိုင်က အနက်ရောင်ဂစ်တာ ဆိုတဲ့ အမျိူးသမီးများ ပေါင်းစည်းထားတဲ့ Album မှာ စတင်ပွဲထုတ်ပေးပြီး အညတရသူရဲကောင်းမှာ ပိုပိုနဲ့ စသိခဲ့တယ်။ I will Go ဆိုတဲ့ သီချင်းမှာ X Box နဲ့ သီဟ တို့ ကို Feat အနေနဲ့ ပါဝင်သီဆို ခဲ့ပြီး I will go သီချင်း လူ သိစေခဲ့တာဆိုရင် မမှားပါဘူး။ ပိုပိုရဲ့ ရွှေရောင်အနာဂတ် သင်္ကြန်ဆုတောင်း ဘာဆက်လုပ်ရမလဲ ဆိုတဲ့ သီချင်းတွေမှာလဲ အတွဲ ညီညီ သီဆိုပေးခဲ့သူလဲ ဖြစ်ပါတယ် ။ပိုပို ကိုယ်တိုင်ရေးသားထားတဲ့ သီချင်းလေးကို သူမရဲ့ Single Track အဖြစ်နဲ့ Million Dreams Record Label ကနေ ထပ်မံ ထွက်ရှိလာဦးမှာပါ အားပေးကြပါဦး ကျေးဇူး အထူးတင်ရှိပါတယ်” ဆိုပြီး ဇူလိုင်(၁၀) ရက်နေ့က ပိုပိုရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : ပိုပို

ပိုပိုက လက်ရှိမှာ ပရိုဂျူဆာ တစ်ယောက်အဖြစ် ရပ်တည်ဖို့ ကြိုးစားနေသလို အခြေအနေကောင်းလာရင်လည်း Entertainment အကြီးကြီးတစ်ခု ထောင်ဖို့ ရှိတယ်လို့ သူမက ပြောဖူးပါတယ်။ ိုပိုက လက်ရှိမှာလည်း သီချင်းအသစ်တွေ ဖန်တီးလျက်ရှိတယ်လို့ သိရပါတယ်။

ဂီတလောကမှာ နေရာတစ်နေရာရရှိလာတဲ့ ပိုပိုဟာ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။

Photo : ပိုပို

သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ သူမပါဝင်ထားတဲ့ ကြောက်ကြောက်ကြောက် ရုပ်ရှင်ဇာတ်ကားကြီး ဟာလည်း ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

Share

Loading Next Article...
က္က