သီချင်းနာမည်က မင်းလွှတ်တဲ့စွန် ။

လင်းလင်းကတော့ လုံးဝကို ရိုမန့်တစ်တွေ ဆန်လိုက်တာနော်။ ချစ်ဇနီးလေးအတွက် သီချင်းသစ်လေး ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

Photo : ချစ်သုဝေ

Rocker ကြီးလင်းလင်းကတော့ လုံးဝကို ရိုချလိုက်ပါပြီ။ ဇနီးလေးအတွက် အမြဲတမ်း အသစ်အသစ်လေးတွေ ဖန်တီးတတ်တဲ့ လင်းလင်းဟာ ဒီနေ့ ချစ်သုဝေရဲ့ မွေးနေ့မှာလည်း သီချင်းသစ်လေးနဲ့ မွေးနေ့ Surprise လုပ်ခဲ့ပါတယ်။ ဒီနေ့ သြဂုတ်လ(၁၀) ရက်နေ့က ချစ်သုဝေရဲ့ မွေးနေ့လေးပါ။ ချစ်ဇနီးအတွက် ဖန်တီးပေးထားတဲ့ သီချင်းသစ်လေးကတော့ “မင်းလွှတ်တဲ့စွန်” ဆိုတဲ့ သီချင်းလေး ဖြစ်ပါတယ်။ ဒီသီချင်းလေးကို တေးသံသာ Application မှာ တင်ထားတာ ဖြစ်ပါတယ်။



သီချင်းလေးက လုံးဝကို အချစ်သီချင်းလေး ဖြစ်ပါတယ်။ “မင်းမရှိလို့မဖြစ် င့ါမနက်ရှင်သန်ရာဟာ မင်းတစ်ရက်မရှိလို့မပါ” ဆိုတဲ့ စာသားလေးတွေက ချစ်သုဝေကို လုံးဝ ဟက်ထိစေမှာ အမှန်ပါပဲ။ လင်းလင်းရဲ့ သီချင်းသစ်လေးကို နားထောင်ပြီး ပရိသတ်တွေလည်း အရမ်းကို ကြိုက်နေကြပါတယ်။ ဒီနေ့လေးမှာဆိုရင် လင်းလင်းရဲ့ ချစ်ဇနီးလေး ချစ်သုဝေက အသက်(၃၅)နှစ် ပြည့်သွားခဲ့ပါပြီ။ မွေးနေ့အလှူတွေအနေနဲ့ သြဂုတ်(၉) ရက်နေ့က သူမရဲ့ Fan တွေနဲ့ အတူ အလှူအတန်းတွေများစွာ ပြုလုပ်ခဲ့ပြီး မွေးနေ့ပွဲလေး ကျင်းပခဲ့ပါသေးတယ်။

Photo ; ချစ်သုဝေ

အဆိုတော်လင်းလင်းနဲ့ အဆိုတော် ချစ်သုဝေတို့ဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က မင်္ဂလာပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့မှာတော့ ပထမဦးဆုံးရင်သွေးလေးတွေဖြစ်တဲ့ မေမြန်မာခေတ် နဲ့ မေမြန်မာသစ် ဆိုတဲ့ ချစ်စရာကောင်းတဲ့အမြွှာ သမီးလေးနှစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။

ချစ်သုဝေက လက်ရှိမှာ အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေတာဖြစ်သလို မိသားစုအပေါ်မှာလည်း တာဝန်ကျေတဲ့ ဇနီးတစ်ယောက်၊ သမီး နှစ်ယောက်အပေါ်မှာ အရမ်းကောင်းတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် ခေတ်သစ် ဖောင်ဒေးရှင်းကိုလည်း ခင်ပွန်းဖြစ်သူ အဆိုတော် လင်းလင်းနဲ့ အတူ ဦးဆောင်နေတာ တွေ့ရပါတယ်။ ဖောင်ဒေးရှင်းကနေ အောင်အောင်မြင်မြင် ဆေးကုသပေးနိုင်ခဲ့တဲ့ မွေးရာပါ နှလုံးရောဂါရှင် ကလေးတွေအတွက်လည်း သူမက ပီတိတွေဖြစ်လို့နေပါတယ်။

Photo ; ချစ်သုဝေ

လင်းလင်းနဲ့ ချစ်သုဝေတို့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲမှာ အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်များ ဖြစ်သလို လင်းလင်းဟာ လည်း ဂီတလောကမှာ တစ်ကိုယ်တော်ပွဲတွေနဲ့ အောင်မြင်မှု ရရှိထားကာ ချစ်သုဝေဟာလည်း သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်းမှာ ပရိသတ် အား ပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။


Share

Loading Next Article...
က္က