ချစ်ဖို့ကောင်းလိုက်တာ။

သရုပ်ဆောင် အေးဝတ်ရည်သောင်းက ရှုတင်မှာရှိတဲ့ စက်အဖွဲ့သားတွေ ပျော်အောင်လို့ ပျော်စရာ အချိန်လေးတစ်ခု ဖန်တီးပေးခဲ့ပါတယ်။ ရှုတင်နောက်ဆုံးနေ့လေးမှာ အားလုံးကို ပျော်စေချင်တဲ့ ဆန္ဒနဲ့ပါတဲ့။

Photo : အေးသောင်း

သရုပ်ဆောင် အေးဝတ်ရည်သောင်းက ရှုတင်နောက်ဆုံးနေ့လေးမှာ စက်အဖွဲ့သားတွေ ပျော်အောင်လို့ Remax ပစ္စည်းလေးတွေကို မဲဖောက်ပေးခဲ့ပါတယ်။ ပင်ပန်းခဲ့တဲ့ အချိန်လေးတွေကို မေ့ပြီး ပျော်စရာအချိန်လေး ရအောင် ပြုလုပ်ပေးခဲ့တာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။

Photo : အေးသောင်း

ရှူတင်နောက်ဆုံးနေ့လေးကို ဒီနေ့ငွေဆောင်မှာအပြီးရိုက်ကြမှာပါ။ ကျွန်မတို့သရုပ်ဆောင်တွေ ကိုယ်မပါရင်နားကြရပေမဲ့ မနားရတာကတော့ ရှုတင်နောက်ကွယ်မှ ဒါရိုက်တာရယ် ရှုတင်မန်နေဂျာ စက်အဖွဲရယ် ကရိန်း ထရော်လီကအစပေါ့အကုန်ပါပါတယ်။ တချို့တွေရှူတင်ကို ၉ နာရီရောက်ဖို့အတွက်မနက် ၅ နာရီကတည်းကထလာရတဲ့သူတွေရှိပါတယ်။ ကားအဆင့်ဆင့်စီးလာရတဲ့သူတွေရောပေါ့။ ဘာပဲဖြစ်ဖြစ် ပင်ပန်းခဲ့တဲ့အချိန်လေးတွေကို ခဏမေ့ပြီး ဘဝရဲ့ပျော်စရာအချိန်လေးကိုရစေချင်လို့ အမှတ်တရ Remax ပစ္စည်းလေးတွေကို မဲဖောက်ပေးခဲ့ပါတယ်။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၂၃) ရက်နေ့က ရေးသားထားတာပါတယ်။

Photo : အေးသောင်း

ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူအလုပ်လုပ်ကြရအောင် အမျိုးတွေရေ ဆိုပြီး အေးသောင်းက ပြောထားပါသေးတယ်။ အေးသောင်းက လက်ရှိမှာ “ရင်ခွင်ရှင်းတမ်း” ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးနေတာပါ။

ရင်ခွင်ရှင်းတမ်း ဇာတ်လမ်းတွဲကို 7 Sense Production က ထုတ်လုပ်ရိုက်ကူးနေတာ ဖြစ်ပြီး ဟိန်းဝေယံ၊ အုပ်သာကျော်၊ ငြိမ်းသော်၊ အေးဝတ်ရည်သောင်း၊သွန်းဆက်၊ ဟန်လေးတို့အပြင် အခြားသော အနုပညာရှင်များက ပါဝင်ထားပြီး ဒါရိုက်တာ သားညီက ရိုက်ကူးနေတာ ဖြစ်ပါတယ်။

Photo : အေးသောင်း

၁၀ စုနှစ်တစ်စုကျော် ပျောက်ကွယ်သွားခဲ့တဲ့ အေးဝတ်ရည်သောင်းဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။



က္က