ဒါရိုက်တာရယ်၊ ကျော်ကျော်ရယ် ပါသေးတယ်တဲ့။

 ဒါရိုက်တာ သြဘာ၊ ကျော်ကျော်နဲ့ စိုးပြည့်သဇင်တို့က ရှုတင်အဖွဲ့သားတွေကို ဖုန်းနှစ်လုံး မဲဖောက်ပေးခဲ့တယ်တဲ့။ ပျော်စရာကြီးနော်။

Photo : စိုးပြည့်သဇင်

သရုပ်ဆောင် စိုးပြည့်သဇင်က ဒီနေ့(ဧပြီ၁၈ရက်)မှာ ရှုတင်အဖွဲကသားတွေကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ဖုန်းနှစ်လုံး မဲဖောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ရှုတင်အဖွဲ့သားတွေအတွက် မဲဖောက်ပေးတဲ့ အလှူမှာ သူမနဲ့အတူ ဒါရိုက်တာသြဘာ၊ ကျော်ကျော်တို့လည်း ပါဝင်ခဲ့တယ်တဲ့။

“နှစ်သစ်ကူးလက်ဆောင်အဖြစ်....လူးလူးစိန်ရှုတင်အဖွဲ့သားများကို...ဒါရိုက်တာကြီးရယ်...ကိုကျော်ရယ်....စိုးပြည့်ရယ်က....ဖုန်းနှစ်လုံးမဲဖောက်ပေးကြတယ်.....ကံစမ်းမဲဆိုတော့အဖွဲ့သားတွေလည်းရင်ခုန်ရင်တုန်ပျော်ကြတာပေါ့နော်.။ ဘယ်သူပေါက်မလဲဆိုတာကတော့.” ဆိုပြီး စိုးပြည့်သဇင်ရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၁၈ရက်)နေ့ကရေးသားထားပါတယ်။

Photo : စိုးပြည့်သဇင်

နှစ်သစ်ကူးလက်ဆောင်အဖြစ် ကံစမ်းမဲတွေ ဖောက်ပေးနေရလို့ စိုးပြည့်တစ်ယောက် ပျော်လို့နေပါတယ်။ စိုးပြည့်က လက်ရှိမှာ လူးလူးစိန် ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။‘’ လူးလူးစိန်’’ ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ အောင်သြဘာ က ရိုက်ကူးနေတာဖြစ်ပြီး သရုပ်ဆောင် ကျော်ကျော်၊ သူရထူး၊ စိုးပြည့်သဇင် နဲ့ မေဘရဏီသော်တို့က အဓိက ပါဝင်သရုပ်ဆောင်လျက်ရှိပါတယ်။

Photo : စိုးပြည့်သဇင်

အသက်(၂၅)နှစ်ရှိ အနုပညာရှင်မလေး စိုးပြည့်သဇင်က အသက်(၁၈)နှစ်အရွယ်မှာ "မိုးညအိပ်မက်ဖြူ" ရုပ်ရှင်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူပါ။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းပရိသတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ချစ်သူရွေးမယ်တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။

စိုးပြည့်သဇင်က ကျောင်းပညာရေးကို ဦးစားပေးနေရတာကြောင့် ဂီတအလုပ်တွေနဲ့ ပတ်သက်ပြီး အနည်းငယ် လျော့နည်းခဲ့တာကို တွေ့ရပါတယ်။ အခုချိန်မှာတော့ ကျောင်းစာမေးပွဲလည်း ဖြေဆိုပြီးခဲ့ပြီဖြစ်လို့ အနုပညာအလုပ်တွေပြန်လုပ်နေပြီဖြစ်ပါတယ်။ မကြာခင်မှာလည်း သူ့ရဲ့ သီချင်းအသစ်လေးကို ပရိသတ်တွေ နားဆင်ရဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။



က္က