ရွှေမှုံက တရားစခန်းဝင်နေတယ်လို့ ဆိုပါတယ်။

ရွှေထူးက တရားစခန်းဝင်နေတဲ့ ရွှေမှုံရတီနဲ့အတူ အလှူအတန်းတွေ ပြုလုပ်နေတာပါ။ အောင်ဇဗ္ဗူတောရကျောင်းမှာရှိတဲ့ သံဃာများနဲ့ ဆရာလေးတို့ကို အာရုံဆွမ်းနဲ့ နေ့ဆွမ်းများ ဆပ်ကပ်ခဲ့တယ်လို့သိရပါတယ်။

Photo : ရွှေထူး



အဆိုတော် ရွှေထူးက ဒီနေ့(မတ်လ၈ရက်) မှာ တရားစခန်းဝင်နေတဲ့ ဇနီးသည် ရွှေမှုံရတီနဲ့အတူ အလှူအတန်းတွေ ပြုလုပ်နေတာတွေ့ရပါတယ်။ မှော်ဘီမှာရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ သံဃာများနဲ့မယ်သီလရှင် ၂၄၈ ပါးကို အာရုံဆွမ်းနဲ့ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

ယနေ့ ကျွန်တော့် အမျိုးသမီး တရားစခန်းဝင်ရင်းနဲ့ ၂ ယောက်အတူ သံဃာနှင့် ဆရာလေး ၂၄၈ ပါးကို အာရုံဆွမ်းနဲ့ နေ့ဆွမ်း ကပ်လှူပူဇော်ခဲ့ပါတယ်။” ဆိုပြီး ရွှေထူးရဲ့ ဖေ့စ်ဘွတ်မှာ မတ်လ(၈)ရက်နေ့ နံနက်ပိုင်းက ရေးသားထားတာ ဖြစ်ပါတယ်။

Photo : ရွှေထူး

ရွှေမှုံရတီက အောင်ဇဗ္ဗူတောရကျောင်းမှာ တရားစခန်းဝင်နေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ယောက် ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုတွေကိုလည်း ပရိသတ်တွေ ရရှိနိုင်ဖို့အတွက် အမျှပေးဝေထားပါသေးတယ်။အေးချမ်းလှတဲ့ သူတို့နှစ်ယောက်ရဲ့ ပုံလေးတွေကိုကြည့်ပြီး ပရိသတ်တွေကလည်း ကြည်နူးပီတိဖြစ်နေကြပါတယ်။  ရွှေထူးက လက်ရှိမှာ သီချင်းအသစ်တွေ ဖန်တီးနေတာကို တွေ့ရပါတယ်။ 

သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက အားလုံး အားကျရတဲ့ အိမ်ထောင်ရေးပါပဲ။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အသေးစိတ်ကအစ ဂရုစိုက်ချစ်တတ်ပြီး အမှတ်တရနေ့လေးတွေမှာလည်း အပြန်အလှန် လက်ဆောင်တွေပေးတတ်တဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။

အရမ်းချစ်တတ်တာကြောင့် ပရိသတ်တွေရဲ့ အားကျခြင်းကိုလည်း ခံရသလို ဝေဖန်သူတွေရဲ့ အပြစ်တင် ပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်နဲ့ သာယာတဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာ တွေ့ရပါတယ်။

Photo : ရွှေထူး

ရွှေမှုံအတွက် ရွှေထူးဟာ အဖေနဲ့တူတဲ့ ခင်ပွန်းတစ်ယောက်ဖြစ်သလို ရွှေမှုံကလည်း ရွှေထူးအတွက် အမေနဲ့တူတဲ့ မိန်းမတစ်ယောက်ဖြစ်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ကြဖူးပါတယ်။

သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး ရိုက်ကူး ရင်းနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ကြတာ ဖြစ်ပြီး ၂၀၁၈ခုနှစ် အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Photo : ရွှေထူး

၂၀၁၈ခုနှစ်၊ နိုဝင်ဘာ(၉) ရက်နေ့မှာတော့ မှော်ဘီမြို့နယ်မှာရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ(၁၁) ရက်နေ့က အင်းလျားလိတ်ဟိုတယ်မှ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။သူတို့ ဇနီးမောင်နှံ နှစ်ယောက်အတူ တွဲဆိုထားတဲ့ ‘’အမှား’’ သီချင်းကလည်း လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားလို့နေပါတယ်။ နောက်ထပ်လည်း ရွှေထူးက ဇနီးချောလေးအတွက် သီချင်းအမိုက်စားတွေ ဖန်တီးပေးဦးမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က