ဒီနေ့က စပြီးဝင်နေပြီဖြစ်ပါတယ်။
Sabal Thwin

သရုပ်ဆောင် သင်ဇာဝင့်ကျော်က အောင်ဇဗ္ဗူတောရကျောင်းတိုက်မှာ တရားစခန်းဝင်မယ်လို့ ဆိုပါတယ်။ သူမဟာ အလုပ်အားတဲ့အချိန်မှာ ဘာသာရေးကို ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။

Photo: Thinzarwint Kyaw

သင်ဇာဝင့်ကျော်ဟာ ဇူလိုင်လ ၂၉ ရက်နေ့က စပြီး မှော်ဘီမြို့မှာရှိတဲ့ အောင်ဇဗ္ဗူတောရ ကျောင်းတိုက်မှာ တရားစခန်းဝင်မယ်လို့ သိရပါတယ်။

‘’ဒီနေ့ တရားစခန်းဝင်ပါမည်။ အကြွေးကျန်နေသော အလုပ်များကို ရိပ်သာကပြန်ထွက်လာမှ ဆက်လုပ်ပေးပါမည်’’ ဆိုပြီးတော့ ဇူလိုင်လ ၂၉ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ သူမကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေက Comment ကနေတဆင့် သာဓု ၃ ကြိမ် ခေါ်ဆိုခဲ့ကြပါသေးတယ်။

Photo: Amazing Grace

သင်ဇာဝင့်ကျော်ရဲ့ အနုပညာသက်တမ်းက ကြာပြီဖြစ်ပါတယ်။ ပရိသတ်လက်ခံတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာဖို့ အခက်အခဲတွေကြားက ကြိုးစားလာခဲ့ရသူပါ။ ဒီ့အတွက်ကြောင့် သူကိုယ်တိုင်က ရည်မှန်းချက်မထားတတ်သူတွေကို အထင်မကြီးတတ်တဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။

‘’ရည်မှန်းချက်မရှိ ကြိုးစားချင်စိတ်မရှိ အပျော်အပါးပဲမက်ပြီး ယောင်လည်လည်လုပ်နေသူများကိုတော့ သင်ဇာက sorry ပါ။ အပြင်ကကိစ္စအသေးအမွှားလေးကိုတောင် မဖြေရှင်းနိုင်ဘဲ စိတ်ညစ်ပြီး ညည်းပြနေရင် အလုပ်မှာ ပြဿ နာတက်ရင်လည်း ဖြေရှင်းနိုင်မယ်မထင်။ ဒီနေ့တွေးမိတဲ့အတွေးလေးပါ။ မည်သူ့ကိုမှရည်ရွယ်ပြီးရေးခြင်းမဟုတ်’’ ဆိုပြီးတော့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် သူ့ရဲ့ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး အခုလို ရင်ဖွင့်ပြောပြခဲ့ဖူးပါတယ်။

Photo: Thinzarwint Kyaw

သင်ဇာဝင့်ကျော်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးထားတာဖြစ်သလို တီဗီကြော်ငြာတွေ၊ ပွဲလမ်းသဘင်တွေလည်း အဆက်မပြတ် သွားနေရတာဖြစ်ပါတယ်။ သူကတော့ လက်ရှိအချိန်ထိ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ မင်းသမီးတစ်ယောက်ပါ။ ဇွန်လ အတွင်းမှာပဲ ချစ်သူနဲ့ လမ်းခွဲလိုက်တာ ဖြစ်တာကြောင့် သူမရဲ့အချစ်ရေးကတော့ လက်ရှိမှာ Single ပါပဲ။


ဆက်စပ်အကြောင်းအရာများ


က္က