ဦးရေခဲက လန့်တာတစ်မျိုး၊ သရဲခြောက်နေတာက တစ်မျိုး။

ပိုင်ဖြိုးသုက ခင်ပွန်းဖြစ်သူနဲ့အတူ ‘’ကြိမ်နှုန်း’’ရုပ်ရှင်အတူတူ ကြည့်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြောလာပါတယ်။ တခြား ကောင်လေး၊ ကောင်မလေးတွေ စုံတွဲနဲ့တော့ တခြားစီပါပဲတဲ့။

Photo: RBV



ပိုင်ဖြိုးသု တစ်ယောက် ချစ်ရတဲ့ ခင်ပွန်းဖြစ်သူနဲ့ ရုပ်ရှင်အတူတူသွားကြည့်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြောလာပါတယ်။ သူမတို့ ဇနီးမောင်နှံဟာ ဇူလိုင်လ ၁၀ ရက်နေ့က ကြိမ်နှုန်းရုပ်ရှင် အထူးပြပွဲကို အတူတူတက်ရောက်အားပေးခဲ့တာ တွေ့ရပါတယ်။

‘’Frequency ‘’ကြိမ်နှုန်း’’ရုပ်ရှင်သွား‌ကြောက်(အဲလေ)သွားကြည့်တုန်းက သူများတွေများ သူတို့ကိုကိုတွေနဲ့ သရဲကားကြည့်ရင် 'ကိုကိုခေးကြောက်တယ်' 'မ‌ကြောက်နဲ့ခေး ကိုကိုရှိတယ်' ဘာညာနဲ့ ဖက်ပေးထားရတာနဲ့ဘာနဲ့ သာယာကြတာ။ ဒေါ်သုများ ဦးရေခဲနဲ့ သရဲကားအတူကြည့်ရင် ရုပ်ရှင်ထဲကသရဲက‌ ခြောက်တာတစ်မျိုး ဘေးကဦးရေခဲကလှန့်တာတစ်မျိုးနဲ့ ရုံထဲမှာသေမလို‌ ကြောက်ရတာချည်းပဲ’’ ဆိုပြီးတော့ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မှာ ရေးသားခဲ့ပါတယ်။

Photo: RBV

ဒီလို ချစ်သူမျိုးရှိနေရင်တော့ ရုပ်ရှင်အတူကြည့်ဖို့ ခေါ်သွားရန် မသင့်တော်တဲ့အကြောင်း ပိုင်ဖြိုးသုက စနောက်ပြီး ပြောပြထားပါသေးတယ်။

‘’အဲဒီလို လူကြီးမျိုးဆိုရင်တော့ အစောထဲကခေါ်မသွားနဲ့ တစ်ယောက်ထဲသာ အရဲစွန့်သွားကြည့်ကြပါလို့။ ဓာတ်ပုံလေးတွေက ရုပ်ရှင်မစခင်ရိုက်ထားတာမို့ ပြုံးပျော်နေကြတာ ရုံထဲကထွက်လာတာ အဲ့ရုပ်တွေမဟုတ်တော့ဘူးလို့’’ လို့ ဆိုပါတယ်။ ပိုင်ဖြိုးသုတင်လိုက်တဲ့ ဒီစကားလေးတွေကြောင့် ပရိသတ်တော်တော်များများက သဘောကျ နှစ်သက်လို့နေကြပါတယ်။

Photo: Paing Phyo Thu

ပိုင်ဖြိုးသုဟာ လက်ရှိမှာ ရိုက်ကူးရေးတွေ နားထားတာ တွေ့ရပါတယ်။ ၉ လပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကား ရိုက်ဖို့ရှိတယ်လို့ဆိုပါတယ်။ဒီဇာတ်ကားအတွက်လည်း ဆံပင်အရှည်ထားနေရတယ်လို့ သူမရဲ့ Facebook Live မှာ ပြောပြခဲ့ဖူးပါတယ်။အဲဒီနောက် ၁၀ လပိုင်းမှာတော့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးနဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာတော့ ဆံပင်တိုတိုလေး ပြန်ညှပ်ရမှာပါတဲ့။

Photo: RBV

ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုတို့ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ ချစ်သူသက်တမ်း ၅ နှစ်ပြည့်တဲ့နေ့မှာ လက်ထပ်ခဲ့ကြတာပါ။ မင်္ဂလာဦးအလှူကို ၂၀၁၉ ဇန်နဝါရီ(၁) ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်ခဲ့ပြီး မင်္ဂလာညစာစားပွဲကိုတော့ အင်းယားလိဂ်ဟိုတယ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

Photo: RBV

ပိုင်ဖြိုးသုဟာ အနုပညာပျိုးခင်း(၂)ရဲ့ စင်တင်မင်းသမီးချောလေး တစ်ယောက်ဖြစ်ပါတယ်။ သူမဟာလက်ရှိအောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။ ပိုင်ဖြိုးသုဟာ ‘’သရဲမ၊ ဘီလူးမ နဲ့ မိန်းမပျို’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ထားသူပါ။အခုဆိုရင်လည်း ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့ အတူ အနုပညာအလုပ်တွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ သူမဟာ မီရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း Star Awards က ချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က