အသက် ၆၈ နှစ်ရှိပြီ။

ဒီနေ့(ဇူလိုင် ၇ ရက်) နေ့ဟာ သရုပ်ဆောင်လူမင်းနဲ့ ယောက္ခတော်စပ်ပြီး ခင်စံပယ်ဦးရဲ့မိခင်ဖြစ်သူ ဒေါ်သန်းသန်းရဲ့ အသက် ၆၈ နှစ်ပြည့် မွေးနေ့ပါ။  ဒေါ်သန်းသန်းဟာ ဉာဏတင်စိုး၊ သရုပ်ဆောင် သီဟတင်စိုး၊ ခင်စံပယ်ဦး(ရုပ်ရှင်ထုတ်လုပ်ရေး)၊ သရုပ်ဆောင် စည်သူတင်စိုး တို့ရဲ့ မိခင်ကြီးဖြစ်ပါတယ်။



 

ဇူလိုင်လ ၇ ရက်နေ့ဟာ သရုပ်ဆောင်အကယ်ဒမီလူမင်းရဲ့ ယောက္ခမ၊ ခင်စံပယ်ဦးရဲ့ မိခင်ဖြစ်သူ ဒေါ်သန်းသန်းရဲ့ အသက် ၆၈  နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ မိခင်ဖြစ်သူ ဒေါ်သန်းသန်းဟာ သားသမီး၊ သမက်၊ ချွေးမ နဲ့ မြေးတွေအပေါ်မှာ တာဝန်ကျေတဲ့ မိခင်တစ်ဦးဖြစ်တာ ကြောင့် တရားထူးတရားမြတ်တွေ ရရှိနိုင်ဖို့ ခင်စံပယ်ဦးက ဆုတောင်းစကားဆိုခဲ့ပါတယ်။

'' Happy birthday အမေ၊ သား၊ သမီး၊ သမက်၊ ချွေးမ၊ မြေးတွေ အထိပါတာဝန်ကျေတဲ့ အမေ  ကုသိုလ်ကောင်းမှုများစွာပြုပြီး တရားထူး၊ တရား မြတ်တွေရပါစေ၊ စိတ်သွားတိုင်းကိုယ်ပါ၊ ကိုယ်ကျန်းမာ စိတ်ချမ်းသာလိုရာဆန္ဒတွေပြည့်ပါစေ'' ဆိုပြီးတော့ ဇူလိုင်လ ၇ ရက်နေ့ မနက် ၁၂ နာရီ ခန့်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားခဲ့ပါတယ်။

 

ခင်စံပယ်ဦး နဲ့ အတူ အနုပညာအသိုင်းအဝိုင်းက နာမည်ကျော်သရုပ်ဆောင်ကြီးတွေကလည်း မွေးနေ့ ဆုတောင်းပေးခဲ့ကြပါတယ်။  မိခင်ကြီး ဒေါ်သန်းသန်းဟာ ဉာဏတင်စိုး၊ သရုပ်ဆောင် သီဟတင်စိုး၊ ခင်စံပယ်ဦး(ရုပ်ရှင်ထုတ်လုပ်ရေး)၊ သရုပ်ဆောင် စည်သူတင်စိုးတို့ရဲ့ မိခင်ဖြစ်ပါတယ်။ ခင်စံပယ်ဦးကတော့ ၂၀၀၇ ခုနှစ်မှာ သရုပ်ဆောင် လူမင်းနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

အိမ်ထောင်သက်(၁၄)နှစ်ပြည့်သွားပြီဖြစ်တဲ့ လူမင်းတို့ ဇနီးမောင်နှံ

ခင်စံပယ်ဦးဟာ သရုပ်ဆောင်လူမင်းအတွက်တော့ တကယ်ကို နားလည်မှုအပြည့်ပေးတတ်တဲ့ ဇနီးတစ်ယောက်ဆိုတာကို Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အနုပညာရှင်တစ်ယောက်ရဲ့ ဇနီးဖြစ်တာကြောင့် သဝန်တိုမှုတွေက သာမန် မိန်းကလေးတွေထက် ပိုပေးရကြောင်း အဲ့ဒီအပေါ်မှာလည်း စိတ်ရှည်သည်းခံ နားလည်ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောထားပါသေးတယ်။

 

အခုဆိုရင်တော့ လူမင်းနဲ့ ခင်စံပယ်ဦးတို့မှာ ဧရာဝတီလူမင်းနဲ့ ဧဝရတ်လူမင်းဆိုတဲ့ ချစ်စရာကောင်းတဲ့ သမီးတစ်ယောက်၊ သားတစ်ယောက် ကို ပိုင်ဆိုင်လို့နေပါပြီ။ သမီးကြီးကတော့ အသက် ၁၀ ဖြစ်ပြီး သားလေးကတော့ ၇ နှစ်ဖြစ်နေပြီလို့ သိရပါတယ်။ သူတို့ နှစ်ဦးရဲ့ အိမ်ထောင် သက်တမ်းကတော့ အခုဆိုရင် ၁၄ နှစ်ရှိပါပြီ။ နောက်ထပ် ကလေးထပ်ယူဖို့ အစီအစဉ်မရှိတော့ဘူးလို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က