ဇဏ်ခီနဲ့ ပိုင်ဖြိုးသု တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

ထာဝရေနှောင်ကြိုး (Now & Ever) ရုပ်ရှင်ကားကြီးကို ခံစားချက်အပြည့်နဲ့ ရိုက်ကူးနေရတဲ့ ခရစ္စတီးနားခီတစ်ယောက် ရင်ဘတ်တွေတောင် အောင့်တဲ့အထိ ခံစားရပါတယ်တဲ့။ ဒီဇာတ်ကားထဲမှ ဇဏ်ခီနဲ့ ပိုင်ဖြိုးသု တို့က အဓိက ပါဝင်သရုပ်ဆောင်နေကြတာပါ။

ဓာတ်ပုံ - ခရစ္စတီးနားခီ Facebook

ဒါရိုက်တာ ခရစ္စတီးနားခီက ဒီရုပ်ရှင်ကားကြီးကို ရိုက်ကူးပုံဖော်နေရင်း သူမရဲ့ ခံစားချက်ကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်လာမယ်လို့လည်း ပရိသတ်တွေက မျှော်လင့်လျှက်ရှိပါတယ်။

‘’ရင်ဘတ်တွေပါအောင့်ပါတယ်။ Now & Ever ရယ်၊ နောက်တစ်ခါ အချစ်ကားရိုက်ဖို့ဆိုရင်တော့’’ ဆိုပြီးတော့ ဧပြီလ ၂ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ‘’ Now & Ever’’ ရုပ်ရှင်ကားကြီးကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကတော့ အရမ်းကို ကြည့်ချင်နေပြီလို့ Comment မှာ ရေးသားထားကြပါသေးတယ်။

ဓာတ်ပုံ - ခရစ္စတီးနားခီ facebook

‘’ထာဝရနှောင်ကြိုး’’ ရုပ်ရှင်ဇာတ်ကားကြီးကို Central Base ရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီက ပုံဖော်ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်ဇာဏ်ခီနဲ့ ပိုင်ဖြိုးသုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး မြင်စိုင်းသားအောင်အောင်၊ ရဲနောင်ချို၊ မင်းညို၊ ဂျူးဂျူးကေ၊ ခင်သဇင်နဲ့ ဇူးဇူးဟန်နီထွေးတို့က ပါဝင်အားဖြည့် သရုပ်ဆောင်ထားပါတယ်။

ခရစ္စတီးနားခီဟာ ‘’ထာဝရနှောင်ကြိုး’’(Now & Ever) ရုပ်ရှင်ဇာတ်ကားကြီးကို အကောင်းဆုံးရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်ဖို့ အဖွဲ့သားတွေကလည်း အားကြိုးမာန်တက် ကြိုးစားကြတယ်လို့ ဆိုထားဖူူးပါတယ်။

‘’ မနက် ၄နာရီထပြီး shooting အတွက် မိတ်ကပ်လိမ်း ပြင်ဆင် စရိုက်ကြတာ ၂ ရက်ဆက်တိုက် လုပ်ပေမယ့်လည်း ထမင်းစားရင်း နောက်ရက်ဆက်ရိုက်ဖို့တိုင်ပင်၊ ရာသီဥတုကြောင့် ရိုက်ကူးရေး နောက်ကျကုန်တော့ အားလုံးကို တစ်ရက်လောက် လည်ပတ်စေချင်ပေမယ့်လည်း ရိုက်ကူးရေးဆက်ရပါဦးမယ်။ ရုပ်ရှင်ကတော့စပြီး edit လုပ်နေပါပြီ။ ကြည့်ချင်ကြပြီးလား..ခရစ္စတော့ အရမ်းကြည့်ချင်နေပါပြီ’’လို့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဓာတ်ပုံ - ထာဝရနှောင်ကြိုး

ခရစ္စတီးနားခီကိုတော့ ‘’ဥပါယ်တံမျဉ်’’ရုပ်ရှင်ကားကြီးရဲ့ ပုံဖော်သူ ဒါရိုက်တာ တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ‘’မုုဒြာရဲ့ ခေါ်သံ’’ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသပြီးချိန်မှာတော့ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ‘’Now & Ever’’ ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးနေတာ ဖြစ်ပါတယ်။ သူမဟာ အနုပညာနဲ့ ပတ်သက်လာရင် ဒါရိုက်တာ တစ်ယောက်အဖြစ်သာမက မြန်မာအက ကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ကပြနိုင်သူ တစ်ဦးဖြစ်ပါတယ်။ 



က္က