သူမကိုယ်တိုင်ကလည်း ဆရာဝန်တစ်ယောက်ဖြစ်လို့ ဒီလို အလှူလေးကို လုပ်ချင်ခဲ့တာပါတဲ့။
Sabal Thwin

ပိုးမမှီသာ က သူမရဲ့ မွေးနေ့ အလှူကို တောင်ဥက္ကလာအထူးကု ဆေးရုံကြီးမှာ ကုသိုလ်ယူခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: Poe Mamethar

သရုပ်ဆောင်ပိုးမမှီသာကတော့ သူမရဲ့ မွေးနေ့ အလှူကို တောင်ဥက္ကလာအထူးကုဆေးရုံကြီးမှာရှိတဲ့ Frontliners ဆရာ၊ ဆရာမများအတွက် စားနပ်ရိက္ခာနဲ့ လိုအပ်တဲ့ ဆေးပစ္စည်းတွေကို လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ 

"ပိုးရဲ့မွေးနေ့အလှူမှာ personal protective equipments တွေအပြင်ထူးထူးခြားခြားလှူဒါန်းဖြစ်ခဲ့တာ ကတော့ ခံတွင်းနဲ့အသက်ရှူလမ်းကြောင်းကျန်းမာရေးအတွက်ကာကွယ်ပေးတဲ့ Betadine ပလုပ်ကျင်းဆေးရည်နဲ့နှာခေါင်းဖြန်းဆေးပါ။ တကယ် အသုံးဝင်ပြီးလိုအပ်တဲ့ ဆေးလေးဖြစ်ကြောင့်ရော အသက်ရှူလမ်းကြောင်းကရောဂါပိုးတွေကိုလည်းကာကွယ်ပေးနိုင်တာကြောင့်ရော ပိုး လည်းအိမ်မှာအမြဲသုံးဖြစ်နေတဲ့ နောက်ပြီးဆရာ၊ ဆရာမကတွေလည်းအသုံးပြုဖို့အကြံပေးတဲ့ Betadine Mouthwash and Nasal Spray တွေကို လှူဒါန်းဖြစ်ပါတယ်" ဆိုပြီးတော့ မေလ ၃ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် ကျန်းမာရေး ဝန်ထမ်းတွေ အတွက် နေ့လည်စာလည်း ကျွေးမွေးခဲ့သေးတယ်လို့ သိရပါတယ်။ 

Photo: Poe Mamethar

ပိုးမမှီသာကတော့ မေလ ၁ ရက်နေ့မှာ သူမရဲ့ အသက် (၂၃) နှစ်ပြည့်သွားပြီလို့ ဆိုပါတယ်။ COVID-19 ကာကွယ်ရေးအတွက် ဆောင်ရွက်နေကြတဲ့ ဆရာ၊ ဆရာမတွေကိုလည်း အားပေးစကားဆိုထားပါသေးတယ်။ 

" နေ့စ္စဓူဝလူနာတွေကိုပြုစုကုသပေးနေတဲ့ဆရာဝန် ဆရာမတွေ နယ်ပယ်အသီးသီးကကျန်းမာရေးဝန်ထမ်းများအားလုံးကိုကျေးဇူးတင်ပါတယ်။ ပိုးလှူချင်တဲ့ ဘီတာဒိုင်းပလုပ်ကျင်းဆေးရည်နဲ့ နှာခေါင်းဖြန်းဆေးတွေ ရအောင်စီစဉ်ပေးတဲ့ Betadine ကိုလည်းကျေးဇူးတင်ပါတယ်။ အားလုံး အတူတူပုံမှန်နေ့ရက်တွေဆီမြန်မြန်ရောက်အောင် မိမိကိုယ်ကိုကာကွယ်ရင်း ဖြတ်သန်းကြမယ်" ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားပါသေးတယ်။ 

Photo: Poe Mamethar

ပိုးမမှီသာကို SAI Cosmetic ကြော်ငြာကနေ ပရိသတ်တွေ စတင်သိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ‘’သိင်္ဂါရ သီချင်းတစ်ပုဒ်’’ ဆိုတဲ့ Music MTV လေးကနေတဆင့် ပရိသတ်အားပေးမှု ပိုရရှိခဲ့သူပါ။ လက်ရှိ အနုပညာလှုပ်ရှားမှုကတော့ တီဗီကြော်ငြာ များစွာတို့ကို ရိုက်ကူးနေရသူဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က