Channel VIII ထုတ်လုပ်ရေးက ထုတ်ပြန်ကြေညာခဲ့တာပါ။
Sabal Thwin

ပရိသတ်အားပေးမှုအခိုင်အမာ ရရှိထားတဲ့ "The Innocence" ဇာတ်လမ်းတွဲကနေ သရုပ်ဆောင် Jay Baas တစ်‌ယောက် နုတ်ထွက်သွားပြီဆိုတာကို ထုတ်လုပ်ရေးက ပြောထားပါတယ်။

photo : Jay Baas

မြန်မာနိုင်ငံရဲ့ ပထမဆုံး Boy Love Series တစ်ခုဖြစ်တဲ့ "The Innocence" ရုပ်သံဇာတ်လမ်းတွဲမှာတော့ အဓိက သရုပ်ဆောင် " တုနှိုင်းခ" နေရာမှာ Jay Baas ပါဝင်တော့မှာ မဟုတ်ကြောင်း ထုတ်လုပ်ရေးက ပရိသတ်တွေကိုသိစေဖို့ တရားဝင်ကြေညာချက် ထုတ်ခဲ့ပါတယ်။ 

"ကျွန်တော်တို့ Channel VIIIမှ ရိုက်ကူးတင်ဆက်ရန်ရည်ရွယ်၍အထူးပြင်ဆင်လျက်ရှိသော Innocence: The Series၏ အဓိက Character တစ်ယောက်ဖြစ်သည့် 'တုနှိုင်းခ'နေရာတွင် သရုပ်ဆောင်ရန်ရွေးချယ်လျာထားသော 'Jay Baas' မှာ လက်ရှိ ဒုတိယအကြိမ်ထပ်မံ ပြုလုပ်သော Innocence Acting Coaching ခေါ်ချိန်တွင် လက်ခံထားသော အခြားသော အလုပ် Schedule နှင့် တိုက်ဆိုင်မှုများရှိနေသောကြောင့် နှစ်ဦးသဘောတူချုပ်ဆိုထားသော Talent Agreement အား ကျွန်တော်တို့Channel VIII Entertainment နှင့် Talentကြား နှစ်ဦးနှစ်ဖက် သဘောတူညီမှုရယူကာ ဖျက်သိမ်းကြောင်း ဝမ်းနည်းစွာဖြင့် အသိပေးအပ်ပါသည်" ဆိုပြီးတော့ ဇွန်လ ၁၀ ရက်နေ့ ည ၉ နာရီကျော်က Channel VIII ရဲ့ Facebook page မှာ တရားဝင်ကြေညာချက် တစ်စောင် ထုတ်ခဲ့တာဖြစ်ပါတယ်။

photo : Jay Baas

ဒီထုတ်ပြန်စာနဲ့ ပတ်သက်ပြီး "The Innocence" ဇာတ်လမ်းတွဲမှာ မပါဝင်ဖြစ်တော့တဲ့အကြောင်းကို Jay Baas က အင်တာဗျူးတွေ မဖြေဆိုချင်သေးဘူးလို့ Duwun ကို ပြောပါတယ်။ "The Innocence" ဇာတ်လမ်းတွဲထဲမှာ တုနှိုင်းခ ကာရိုက်တာနဲ့ Jay Baas ကို အားပေးကြတဲ့ ပရိသတ်တွေ ကတော့ စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ ဒီဇာတ်ကားကိုတော့ စာရေးဆရာမ ညမွှေးပန်းက ဇာတ်လမ်း၊ ဇာတ်ညွှန်း ရေးသားထားတာ ဖြစ်ပါတယ်။

photo : Jay Baas

The Innocence ရုပ်သံဇာတ်လမ်းတွဲထဲက “တုနှိုင်းခ” ဆိုတဲ့ ဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်သွားမယ့် ဝါသနာရှင် တစ်ဦးကိုတော့ လက်ရှိမှာ ရွေးချယ်လျက်ရှိကြောင်း သိရပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ "မြူခိုး" ကာရိုက်တာကို ရှိုင်းဝဏ္ဏအောင်က ပါဝင်သရုပ်ဆောင်သွားမှာပါ။ အဲဒီနောက် မင်းသွေးခန့် နဲ့ ဆက်နိုင် တို့ကလည်း ပါဝင်သရုပ်ဆောင်ဦးမယ်လို့ သိရပါတယ်။ The Innocence ဇာတ်လမ်းတွဲမှာတော့ "မြူခိုး" ကာရိုက်တာမှာလည်း သရုပ်ဆောင် အပြောင်းအလဲတွေ ဖြစ်ခဲ့ဖူးပါတယ်။ ပထမဆုံးအနေနဲ့ ထက်ဦးထွဋ်ကို ရွေးချယ်ခဲ့တာပါ၊ ထက်ဦးထွဋ် ထွက်သွားပြီးတဲ့နောက်မှာတော့ အဆိုပါဇာတ်ကောင်နေရာကို မိုးမာန် က ပါဝင်သွားမယ်လို့ သိရပါတယ်။ နောက်ထပ်လည်း မိုးမာန်က မရိုက်ဖြစ်တော့တဲ့အချိန်မှာတော့ မော်ဒယ်လ်၊ သရုပ်ဆောင် ရှိုင်းဝဏ္ဏအောင်က ပါဝင် လာတာ တွေ့ရပါတယ်။ 




Author


က္က