သူ့ရဲ့ ပီတိလေးကိုလည်း အခုလို ပြောပြလာပါတယ်။

အလင်းရောင်ဟာ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး ရန်ကုန်တိရစ္ဆာန်ရုံမှာ ရှိတဲ့ တိရစ္ဆာန်လေးတွေအတွက် အစာအာဟာရတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်တဲ့။ 

Photo: A Linn Yaung



အလင်းရောင်ကတော့ Covid ကာလကြောင့် ရန်ကုန် တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်လေးတွေ အတွက် အစာအာဟာရ သွားရောက် လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ ဧည့်သည်တွေ မလာကြတဲ့အခါ အစား ပုံမှန် မစားကြရတော့ စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။ 

"မနေ့က ကျွန်တော်တို့ သူငယ်ချင်းတစ်စုရဲ့ စုပေါင်းအလှူလေးပါ။ အခုလိုကာလမှာ တိရစ္ဆာန်ရုံလည်း ပိတ်ထားရတော့ လာလည်တဲ့သူတွေမရှိတဲ့အခါ သူတို့လေးတွေလည်း အရင်လိုတော့ မစားရရှာဘူးပေါ့ ။သနားစရာကောင်းတဲ့ သူတို့လေးတွေကို အစာအာဟာရ လှူဒါန်းခွင့်ရတဲ့အတွက်လည်း ကြည်နူးပီတိဖြစ်ရပါတယ်။ တတ်နိုင်သလောက် သွားရောက်လှူဒါန်းဖို့လည်း တိုက်တွန်းပါရစေ....." ဆိုပြီးတော့ ဇွန်လ ၂၅ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။ 

Photo: A Linn Yaung

သရုပ်ဆောင် အလင်းရောင်ကတော့ COVID-19 ကာလပြီးတဲ့အချိန်မှာ သူချစ်ရတဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။ ပရိသတ်တွေနဲ့လည်း အရမ်းဆုံချင်တယ်လို့ သူက ပြောပါတယ်။ 

“ ဒီ Covid ကြီးပြီးရင် ကျွန်တော့်ရဲ့ Lighter လေးတွေနဲ့ Fan Meeting လေး တစ်ခုလောက် အတတ်နိုင်ဆုံး ကျွန်တော် ကြိုးစားပြီးတော့ လုပ်ပါမယ်။ နောက်ထပ် နောက်ထပ်တွေလည်း ထပ်ဆုံဖို့အတွက် အဲဒီလိုမျိုးလေး ဆုံချင်ပါတယ်။ အသေးစိတ်ကိုတော့ ပွဲလုပ်ဖြစ်မယ် ဆိုတာနဲ့ သေချာ ပြန်ပြောပေးပါ့မယ်” ဆိုပြီးတော့ မေလ ၂၂ ရက်နေ့တုန်းက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ Live လွှင့်ရင်း ပြောခဲ့တာဖြစ်ပါတယ်။ 

Photo: A Linn Yaung

အလင်းရောင်ဟာ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး ခေါင်းဆောင်မင်း သားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် ခဲ့ရာမှ ပရိသတ်တွေအားပေးမှုအများကြီးရရှိလာခဲ့တာပါ။ First Love ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အောင်မြင်ခဲ့ပြီးနောက် '' ဘယ်ရည်းစားကို အချစ်ဆုံးလဲ'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း အောင်မြင်မှုတွေ ဆက်လက်ရရှိခဲ့ပါတယ်။ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ Oh..My Crush ဆိုတဲ့ တေးစီးရီး Audio ကိုတော့ ၂၀၁၆ ခုနှစ် ၄ လပိုင်းမှာ ထွက်ရှိခဲ့တာပါ။ ဒီအခွေလေး MTV ထွက်နိုင်ဖို့ကိုလည်း ကြိုးစားနေတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က