ဆန်းသစ်လတို့ မင်္ဂလာပွဲမှာပါ။

သရုပ်ဆောင် ပွင့်က သတို့သမီးဆန်းသစ်လ ပစ်လိုက်တဲ့ လက်ကိုင်ပန်းကို ဖမ်းမိလို့ ပျော်နေပါတယ်။ ဆန်းသစ်လရဲ့ မင်္ဂလာပွဲကို မတ်လ(၃) ရက်နေ့က ပြုလုပ်ခဲ့တာပါ။

Photo : ပွင့်

သရုပ်ဆောင် ပွင့်က မတ်လ(၃) ရက်နေ့ ညက ပြုလုပ်ခဲ့တဲ့ ဆန်းသစ်လတို့ရဲ့ မင်္ဂလာပွဲမှာ မင်္ဂလာသတို့သမီး ပစ်လိုက်တဲ့ လက်ကိုင်ပန်းကို ဖမ်းမိခဲ့တယ်တဲ့။ လက်ကိုင်ပန်းလေးကို ရခဲ့တဲ့ ပွင့်တစ်ယောက် အရမ်းကို ပျော်လို့နေပါတယ်။

ချစ်ညီမလေး ဆန်းသစ်လ မင်္ဂလာညစာစားပွဲမှာ သတို့သမီးပစ်တဲ့ လက်ကိုင်ပန်းလေးရခဲ့တယ် ဒန်တန့်တန် ဟိဟိ တကယ်တော့ ညီမလေး ရွှေလ ပစ်လိုက်တုန်းက ပန်းစီးကို ဖမ်းမိတာ ပွင့်နဲ့ခုဓာတ်ပုံထဲတွဲရိုက်ထားတဲ့ အကိုကြီးပါ။ ယောကျ်ားလေးဆိုမရဘူးဆိုပြီး ဝိုင်းခွီကြပြီး အဲ့အကိုကြီးကို ပြန်ပစ်ခိုင်းကြတော့မှ ပွင့်က ပန်စီးလေးကိုဖမ်းမိတာပါ ဟိဟိ!!! အရမ်းပျော်တဲ့ Wedding dinnerလေးပါရှင့် “ ဆိုပြီး မတ်လ(၃) ရက်နေ့ ညက ပွင့်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာဖြစ်ပါတယ်။

Photo : ပွင့်

ပွင့်ရဲ့ ပရိသတ်တွေကတော့ မကြာခင် ပွင့်ရဲ့ မင်္ဂလာသတင်းကြားရတော့မှာပေ့ါဆိုပြီး မှတ်ချက်တွေ ပေးထားကြပါတယ်။ အဆိုတော် မေရွက်ဝါရဲ့ သမီး ဆန်းသစ်လနဲ့ ဝင်းမြတ်တို့ရဲ့ မင်္ဂလာပွဲကို မတ်လ(၃) ရက်နေ့က ပြည်သူ့ရင်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပွင့်ဟာ လက်ရှိအချိန်ထိ မိခင်နဲ့အတူ နေထိုင်နေပြီး အချစ်ရေးနဲ့ ပတ်သက်လို့ ဘာသတင်းမှ မကြားရသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အချစ်ရေးကလည်း ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ သတင်းဆိုလည်း မမှားပါဘူး။

Photo : ပွင့်

ပွင့်က လက်ရှိမှာ ဖျော်ဖြေပွဲတွေ သွားဖြစ်နေသလို ဇာတ်ကား ရိုက်ကူးမှုတွေလည်း လုပ်နေတယ်လို့ သိရပါတယ်။ ပွင့်ဟာ သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သလို တစ်ကိုယ်တော်အခွေလည်း ထွက်ရှိထားသူပါ။



က္က