တစ်ယောက်နဲ့ တစ်ယောက်က အမြဲ ခွီနေရတာပါတဲ့။
Sabal Thwin

နေခြည်ဦးဟာ တိုင်ရွန်ကို အနုပညာအလုပ်တွေ စလုပ်ကတည်းက ခင်ခဲ့တာလို့ ဆိုပါတယ်။ 

နေခြည်ဦးကတော့ သရုပ်ဆောင် တိုင်ရွန်နဲ့ ရင်းရင်းနှီးနှီးနေဖြစ်တဲ့ အကြောင်းပြောလာပါတယ်။ တစ်ယောက် နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်း စစနောက်နောက် အမြဲနေတတ်ကြတယ်လို့လည်း သူက ဆိုပါတယ်။ 

“ တိုင်ရွန်က နေခြည့်ထက်ငယ်တယ်၊ လပိုင်းငယ်တာ။ သူနဲ့ စခင်ကတည်းက ခွီနေရတယ်။ အနုပညာအလုပ်တွေ စလုပ်ကတည်းက နေခြည့်မှာ သူငယ်ချင်းမရှိဘူး။ ကိုယ်ကိုယ်တိုင်က အရမ်းပျော်တတ်တော့လည်း အားနာတယ်။ စကားပြောတာတွေလည်း ပွင့်ပွင့်လင်းလင်းဆိုတော့ တစ်ခါတလေ မှာ နေခြည်ပြောတာတွေက ရိုင်းတာတွေ ဘာတွေ ဖြစ်မှာ စိုးလို့ နေခြည် သိပ်မပေါင်းဘူး။ ဒါပေမယ့် တိုင်ရွန်နဲ့ကျတော့ ပေါင်းသင်းရတာ အရမ်းအဆင်ပြေတယ်။ သူနဲ့ကတည်း အနုပညာအလုပ်တွေ စလုပ်ကတည်းက ပေါင်းဖြစ်တယ်။ တကယ်လို့ တိုင်ရွန့်ကို နေခြည်ပြောတာ ရိုင်းသွားရင်လည်း တိုင်ရွန့် ပရိသတ်တွေကို တောင်းပန်ပါတယ်။ သူနဲ့က သူငယ်ချင်းအချင်းချင်းလည်း မရှက်မဝံ့၊ မကြောက်မရွံ့ ပြောတတ်လို့ပါ” ဆိုပြီးတော့ ဇွန်လ ၁၇ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်က သူမရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ Live လွှင့်ရင်း ပြောပြခဲ့တာပါ။  

Photo: Tyron

နေခြည်ဦးနဲ့ တိုင်ရွန်တို့ဟာ အနုပညာရှင်တွေ ဖြစ်ကြပေမယ့် ဇာတ်ကားတွေရိုက်နေတဲ့ အချိန်မှာသာ ခင်တာမဟုတ်ပဲ အပြင်မှာလည်း ရင်းရင်းနှီးနှီးခင်မင်ကြသူတွေဖြစ်ပါတယ်။ နေခြည်ဦး Live လွှင့်တဲ့အချိန်မှာ တိုင်ရွန်ကလည်း Comment ကနေတဆင့် စနောက် နေတော တွေ့ရပါတယ်။ သူတို့ နှစ်ဦးကတော့ “အခမ်းနားဆုံး မေတ္တာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲ သရုပ်ဆောင် ထားတာ တွေ့ရပါတယ်။ နေခြည်ဦးနဲ့ တိုင်ရွန်တို့ ဟာ လက်ရှိ အနုပညာလောကမှာ ပရိသတ်အခိုင်အမာ ရရှိထားကြသူတွေ ဖြစ်ပါတယ်။ 

Photo: Tyron

နေခြည်ဦးဟာ Beauty Blogger ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ သူတစ်ဦးပါ။ သူမကို ချစ်တဲ့ ပရိသတ်တွေ များစွာ ပိုင်ဆိုင်ထားနိုင်တဲ့ အသက်(၂၈)နှစ်အရွယ် ကောင်မလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမက အချိန်တိုလေးအတွင်းမှာ Beauty Blogger ဘဝကနေ သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားများနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ရိုက်ကူးခဲ့ရပါတယ်။ သူမပါဝင်ထားတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ၂၀၁၈ ခုနှစ်အတွက် ပေးအပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က