ကြည်နူးဖို့ ကောင်းလိုက်တာ။

သရုပ်ဆောင် ဘေဘီမောင်ဟာ ကုသိုလ်ရေးမှာ လက်မနှေးသူလေး ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့လေးမှာလည်း တကယ်လိုအပ်တဲ့ မိဘမဲ့ကလေးကျောင်းမှာ အလှူအတန်းတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

 

Photo : ဘေဘီမောင်

သရုပ်ဆောင် ဘေဘီမောင်ဟာ ဖေဖော်ဝါရီ(၂၂) ရက်နေ့က ကျရောက်တဲ့ သူမရဲ့ မွေးနေ့လေးမှာ ဘုရားသွား ကုသိုလ်ယူခဲ့သလို နောက်ထပ် ကုသိုလ်တစ်ခုလည်း ပြုခဲ့ပါသေးတယ်။ အဲ့ဒီကုသိုလ်ကတော့ တကယ်လိုအပ်နေတဲ့ မိဘမဲ့ ကလေးကျောင်းမှာ ကလေးလေးတွေအတွက် အလှူသွားလုပ်ခဲ့တာပါ။

သူမရဲ့ မွေးနေ့မှာ အနုပညာမောင်နှမတွေနဲ့အတူ အမှတ်(၂)၊ ပုဏ္ဏမီလမ်းနဲ့ ကျန်စစ်သားလမ်းထောင့်၊ (၈၆) ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ရှိတဲ့ မှန်ကင်းပရဟိတကျောင်းမှာအလှူတွေ ပြုလုပ်ခဲ့သလို ကလေးလေးတွေအတွက် သီချင်းနဲ့လည်း ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

Photo : ဘေဘီမောင်

သူမရဲ့ မွေးနေ့မှာ ပါဝင်ကုသိုလ်ယူပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလည်း ဘေဘီမောင်က ကျေးဇူးတင်စကားပြောထားပါသေးတယ်။

“မနေ့ကတုန်းက အခက်ခဲတွေကြားက ဘေဘီမွေးနေ့လေးကို လာရောက်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့် အားလုံးကို အားနာနေတာပါ မနေ့က အလုပ်ရှုပ်နေတော့ ဧည့်ဝတ်မကျေသလို့ဖြစ်သွားရင်လည်း တောင်းပါတယ်ရှင့်။ ဘေဘီရဲ့ အပေါင်းသင်းမိတ်ဆွေသယ်ရင်းအားလုံးကို ဖိတ်ချင်ပေမဲ့ နေရာအခက်ခဲကြောင့် အားနာပီး မဖိတ်လိုက်ရတဲ့ မိတ်ဆွေတွေအားလုံးကိုလည်း တောင်းပန်ပါတယ်ရှင့် “ ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ(၂၃) ရက်နေ့က ရေးသားထားပါတယ်။

Photo : ဘေဘီမောင်

ဒီနှစ်မွေးနေ့လေးက သူမအတွက် သူမရဲ့ ပျော်ရွှင်ဖို့ထက် မိဘရင်ခွင်မဲ့နေတဲ့ ကလေးတွေ ပျော်ရွှင်ဖို့ အဓိက ရည်ရွယ်ပြီး လုပ်ဖြစ်တဲ့ မွေးနေ့ပွဲလေးပါဆိုပြီး ဆက်လက်ပြောထားပါသေးတယ်။

ဘေဘီမောင်(Baby Maung) ဟာ ပရိသတ်အခိုင်အမာရရှိနေတဲ့ အနုပညာရှင်တစ်ဦးပါ။ ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီး တွေမှာလည်း ပါဝင်သရုပ်ဆောင်နေသူ တစ်ဦးဖြစ်ပါတယ်။ Baby & Barani Beauty & Fashion House ဆိုတဲ့ ကိုယ်ပိုင်ဖက်ရှင်ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားပါတယ်။



က္က