သူမရဲ့ အလှူအတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

ငွေဇင်လှိုင်းက တမူးမြို့လေးကို အလည်ပြန်ရောက်နေချိန်မှာ အလှူအတန်းတွေ လုပ်နေတာကို တွေ့ရပါတယ်။ 

Photo: Ngwe Zin Hlaing



အဆိုတော် ငွေဇင်လှိုင်းကတော့ သူမရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ တမူးမြို့ကို အလည်အပတ် ပြန်လည် ရောက်ရှိနေတာ ဖြစ်ပါတယ်။ သူမဟာ မိသားစုနဲ့ အတူတူ တမူးမြို့နယ်ရှိ Quantine Centre မှာ မနက်စာ အာဟာရ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

" တမူးမြို့ စောင့်ကြည့်ပြည်သူတွေအတွက် မနက်စာ အာဟာရ အလှူ" ဆိုပြီးတော့ သြဂုတ်လ(၃၁) ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Ngwe Zin Hlaing

ငွေဇင်လှိုင်းရဲ့ အလှူကို Aungthu Chan ဆိုတဲ့ Facbook ကနေတဆင့် Live လွှင့်ခဲ့တာဖြစ်ပြီး ငွေဇင်လှိုင်းကို ချစ်တဲ့ ပရိသတ်တွေက သာဓု (၃) ကြိမ်ခေါ်ဆိုခဲ့ကြပါတယ်။ ငွေဇင်လှိုင်းဟာ တမူးမြို့ရှိ Quantine Centre ရှိ စောင့်ကြည့်လူနာ (၉၂) ဦးစာအတွက် မနက်စာအာဟာရအဖြစ် ကြက်သားပလာတာ ကို ကိုယ်တိုင်ချက်ပြီးလှူခဲ့တာလို့ Live ထဲမှာ ပြောခဲ့ပါတယ်။ တမူးမြို့ရှိ Quantine Centre မှာတော့ ထိုင်းပြန် (၅) ယောက်၊ အိန္ဒိယပြန် (၇၆) ယောက်၊ တရုတ်ပြန် (၁၁) ယောက်ရှိပြီး သွေးစစ်ဆေးချက် အဖြစ် All Negative ဖြစ်တယ်လို့လည်း ကိုအောင်သူချမ်းက အဆိုပါ Live ထဲမှာ ပြောပြခဲ့ပါသေးတယ်။ 

Photo: Ngwe Zin Hlaing

ငွေဇင်လှိုင်းကိုတော့ ပရိသတ်တွေက Myanmar idol (Season 3) သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ အားပေးလာခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးပြီးတဲ့နောက်မှာတော့ သူမဟာ ဂီတဖျော်ဖြေပွဲတွေမှာ ပါဝင်သီဆိုလာရတဲ့ အဆိုတော်တစ်ဦးဖြစ်လို့နေပါပြီ။ မကြာခဏဆိုသလို Single Song လေးတွေလည်း ထွက်ရှိတတ်သူ တစ်ယောက်ပါ။ အခုဆိုရင်တော့ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော် တေးစီးရီးဖြစ်တဲ့ သီချင်းသည် ဆိုတဲ့ အခွေကို ၂၀၂၀ ခုနှစ် မတ်လ ၇ ရက်နေ့က ထွက်ရှိခဲ့ပါတယ်။ 

Photo: Ngwe Zin Hlaing

ငွေဇင်လှိုင်းဟာ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်ကနေတဆင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ သူမဟာ (Top -4+1) Result Show အထိ ပါဝင်လာခဲ့သူလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေတဆင့် ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့ တက်သစ်စ အဆိုတော် တစ်ဦးဆိုရင်လည်း မမှားပါဘူး။ သရုပ်ဆောင် သက်မွန်မြင့်ကိုယ်တိုင်ကလည်း ငွေဇင်လှိုင်းရဲ့ သီချင်းတွေကို အမြဲအားပေးတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က