သူမကလည်း ပရိသတ်တွေကို ချစ်တဲ့သူပါ။

ဝတ်မှုန်ရွှေရည်က သူမ ချစ်ရတဲ့ တက္ကသိုလ်ဝင်တန်း ပရိသတ်တွေအတွက် ဘာသာစုံဖြေဆိုနိုင်ဖို့ ဆုတောင်းပေးနေပါတယ်တဲ့။

Photo: Amazing Grace



ပရိသတ်တွေရဲ့ အချစ်တော်မလေး ဝတ်မှုန်ရွှေရည်က တက္ကသိုလ်ဝင်တန်းဖြေဆိုနေကြတဲ့ ပရိသတ်တွေအတွက် စာမေးပွဲဖြေနိုင်ဖို့ ဆုတောင်းပေးနေပါတယ်တဲ့။

‘’10 တန်းဖြေနေတဲ့ KFCလေးတွေ မောင်လေးညီမလေးတွေဖြေနိုင်ကြရဲ့လား?ကစ်ကတော့ စဖြေတဲ့နေ့ကတည်းက အားလုံးအဆင်ပြေပြေ ဖြေနိုင်အောင် ဆုတောင်းပေးထားတယ်နော်။ အားလုံးပဲ Good Luck နော်’’ ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ မတ်လ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီ၁၆ မိနစ်က ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: Wutt Mhone Shwe Yee

ဝတ်မှုန်ရွှေရည်ဟာ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး စာရင်းဝင်ထဲမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တွေကိုလည်း အများကြီး ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်ကာလတစ်ခုကို ရောက်ရှိလို့နေပါပြီ။

ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။

Photo: Wutt Mhone Shwe Yee

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က