New York မှာ ကျောင်းတက်နေတာဖြစ်ပါတယ်။

ပိုင်ဖြိုးသုက သူငယ်ချင်းတွေနဲ့အတူတူ ကျောင်းစာတွေ မအားတဲ့ကြားက လျှောက်လည်ဖြစ်တဲ့အကြောင်းတွေ ပြောလာပါတယ်။ သူကတော့ New York မှာ တစ်လခွဲ နှစ်လ နီးပါးအကြာ ကျောင်းတက်နေတယ်လို့ သိရပါတယ်။

Photo: Paing Phyo Thu



ပိုင်ဖြိုးသုကတော့ New York မှာ ကျောင်းတက်ရင်း သူငယ်ချင်းအသစ်တွေရလို့ ပျော်ရွှင်နေတာ တွေ့ရပါတယ်။ ကျောင်းစာအလုပ်တွေ မအားတဲ့ကြားက လျှောက်လည်ဖြစ်ခဲ့ကြသေးတယ်လို့ ဆိုပါတယ်။

‘’သင်တန်းကာလပြီးတော့မယ်ဆိုတော့ သူငယ်ချင်းတွေနဲ့အမှတ်တရ ဓါတ်ပုံထွက်ရိုက်ကြတာ။ ဝေးဝေးလံလံကြိုးစားပမ်းစား ကျောင်းရှေ့ကပန်းခြံမှာတောင် သွားရိုက်ထားရတာ။

NYFAက Acting For Film classထဲကကျောင်းသားတွေကို ဘယ်လောက် assignmentတွေ homework တွေပေးတယ်ခိုင်းတယ်ဆိုတာ ‌အဲဒီ့ကျောင်းရှေ့ကပန်းခြံကို‌တောင် အဲဒီ့နေ့မှကိုယ်တွေရောက်ဖူးကြတာ။ တစ်နေ့တစ်နေ့မိုးလင်းမိုးချုပ်ကျောင်းထဲမှာပဲအချိန်ကုန်ကြတာ’’ ဆိုပြီးတော့ သြဂုတ်လ ၂၉ ရက်နေ့ မနက် ၉ နာရီခွဲက သူ့ရဲ့ Facebook Page မှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo: Paing Phyo Thu

အဲဒီနောက် သူငယ်ချင်းတွေ နဲ့အတူ ပျော်ပျော်ပါးပါး အမှတ်တရ ဓာတ်ပုံလေးတွေကိုလည်း အတူတွဲတင်ခဲ့တာ တွေ့ပါတယ်။ ပိုင်ဖြိုးသုက အခုဆိုရင် New York ကို ရောက်ရှိနေတာဖြစ်ပါတယ်။ New York Film Academy မှာ ကျောင်းတက်နေတယ်လို့ သိရပါတယ်။ အချိန်ကာလကလည်း သိပ်မကြာဘူးလို့ ပိုင်ဖြိုးသုက သူ့ရဲ့ We Love လေးတွေ မစိုးရိမ်ရအောင် ပြောခဲ့ပါတယ်။

‘’အဓိကကတော့ New York Film Academy မှာ NYFA မှာ Action for Form ဆိုတဲ့ Class လေး သွားတက်မယ်ပေါ့နော်။ အကြာကြီးတော့ မဟုတ်ဘူး၊ ၁ လ ကျော်ကျော်လောက်ပဲ ကြာမယ်ပေါ့နော်။ ကျောင်းသွားတက်ပြီဆိုတော့ သုသု ပွဲတွေလည်း တက်ဖြစ်မှာ မဟုတ်ဘူး၊ ကြော်ငြာတွေလည်း မရိုက်ဖြစ်ဘူးဆိုတော့ ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်သွားမှာစိုးလို့ အသိပေးတာပါ’’ ဆိုပြီးတော့ ဇူလိုင်လ ၂၀ ရက်နေ့ည က လွှင့်ခဲ့တဲ့ သူ့ရဲ့ ဖေ့စ်ဘွတ် Live မှာ ပြောပြခဲ့ဖူးပါတယ်။

Photo: Paing Phyo Thu

ပိုင်ဖြိုးသုဟာ အနုပညာပျိုးခင်း(၂)ရဲ့ စင်တင်မင်းသမီးချောလေး တစ်ယောက်ဖြစ်ပါတယ်။ သူမဟာလက်ရှိအောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။ ပိုင်ဖြိုးသုဟာ ‘’သရဲမ၊ ဘီလူးမ နဲ့ မိန်းမပျို’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ထားသူပါ။ အခုဆိုရင်လည်း ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးနဲ့ အတူ အနုပညာအလုပ်တွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ သူမဟာ မီရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း Star Awards က ချီးမြှင့်တဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က