မာန်အောင်အိမ်မှာ တွေ့ရတဲ့ ပန်းပုရုပ်လေးပါ။

နေတိုးဟာ အနုပညာနဲ့ ပတ်သက်လာရင် ဘက်စုံတော်တဲ့သူတစ်ဦးလို့ ပြောရတော့မှာပါ။ သူမလုပ်တတ်တာ ဘာမှမရှိတော့ဘူးလို့ ပရိသတ်တွေကတောင် မှတ်ချက်ပေးခြင်း ခံနေရပါပြီ။

Photo : ဉာဏ



သရုပ်ဆောင် နေတိုးက လက်ရှိမှာ မွေးရပ်ဇာတိမြေဖြစ်တဲ့ ရခိုင်ပြည်နယ် မာန်အောင်မြို့သို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။ နေတိုးဟာ အနုပညာနဲ့ ပတ်သက်လာရင် ဘက်စုံတော်တဲ့သူတစ်ဦးလို့ ပြောရတော့မှာပါ။ 

နေတိုးနဲ့အတူ ပါသွားတဲ့ ဓာတ်ပုံဆရာ ဉာဏက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ နေတိုး ငယ်ငယ်တုန်းက ဆုရခဲ့တဲ့ ရွှံ့ပန်းပုရုပ်လေးကို ပရိသတ်တွေအတွက် အမှတ်တရအဖြစ် တင်ထားခဲ့တာ တွေ့ရပါတယ်။

Photo : ဉာဏ

ရွှံ့နဲ့ ပြုလုပ်ထားတဲ့ ပန်းပုရုပ်လေးတွေနဲ့ လွတ်လပ်ရေး ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ပြီး ပထမဆုကို ရခဲ့တာတဲ့။

“မာန်အောင်အိမ်မှာ သိမ်းထားတဲ့  ညီလေး(၂)တန်းတုန်းက ပထမဆုရခဲ့တဲ့ လွတ်လပ်ရေးနေ့ပြိုင်ပွဲဝင် ရွှံ့ပန်းပုရုပ်လေးတွေ... (ချစ်ကြတဲ့ပရိသတ်တွေအမှတ်တရသိမ်းထားနိုင်ဖို့) “ ဆိုပြီး ဧပြီ(၆) ရက်နေ့က ဓာတ်ပုံဆရာ ဉာဏရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။

Photo : နေတိုး

နေတိုးနဲ့အတူ နှင်းဆီအဖွဲ့သားတွေပါ မာန်အောင်မှာ ရောက်နေတာဖြစ်ပြီး ရခိုင်မှာရှိတဲ့ ပရိသတ်တွေအတွက် သီချင်းတွေဆိုရင်း ပျော်ရွှင်စွာ ဖြတ်သန်းနေတာတွေ့ရပါတယ်။ မွေးရပ်မြေမှာ အလှူအတန်းတွေ ဆက်တိုက်လုပ်နေတဲ့ နေတိုးရဲ့ ပုံရိပ်လေးတွေ ကြည့်ပြီးတော့လည်း ပရိသတ်တွေ ကြည်နူးပီတိ ဖြစ်လို့နေကြပါတယ်။

၂၀၀၁ ခုနှစ်မှစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ နေတိုးဟာ ၁၉၈၁ ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က မွေးဖွားခဲ့သူဖြစ်ပြီး ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK Modeling Agency မှာ သင်တန်းတက်ရောက်ခဲ့ကာ အဆိုပိုင်းနဲ့ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့ပါတယ်။

ကျရာဇာတ်ရုပ်တိုုင်းကိုပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ယောက် ဖြစ်လာတဲ့ နေတိုးဟာ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) ရုပ်ရှင်ကား ၃ ကားနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိခဲ့ပါတယ်။ နေတိုးဟာ အနုပညာအရည်အသွေး ပြည့်ဝတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ယောက်အဖြစ် သရုပ်ဆောင်လောကမှာ အောင်မြင်စွာ ရပ်တည်နေသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က