ဒီသီချင်းလေးကနေ ပရိသတ်ကို သိစေချင်တာလေးတွေရှိတယ်လို့ ရွှေထူးက ပြောပါတယ်။
Sabal Thwin

ရွှေထူးနဲ့ ရွှေမှုန်ရတီ တို့ရဲ့ " မိုးစက်များက ပြောသော" သီချင်းလေးကတော့ သီချင်းကို မိတ်ဆက်ပေးလိုက်တဲ့ ၄ နာရီအတွင်းမှာ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ရှိန်ထိုး ရရှိခဲ့တာ တွေ့ရပါတယ်။ 

ရွှေထူးနဲ့ ရွှေမှုန်ရတီ တို့ရဲ့ သီချင်း အသစ်လေးကတော့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့ပြီဖြစ်ပါတယ်။သီချင်းနာမည်ကတော့ "မိုးစက်များက ပြောသော" ဖြစ်ပြီး ရွှေထူးကိုယ်တိုင်ရေးထားတာဖြစ်ပြီး ရွှေထူးနဲ့ ရွှေမှုံတို့ရဲ့ ဒုတိယမြောက် စုံတွဲသီချင်းလေး သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပါ။ 

" မိုးစက်များက ပြောသော" သီချင်းလေးကို ဇူလိုင်လ (၁၂) ရက်နေ့ ညနေ ၄ နာရီ ၅၈ မိနစ်က ရွှေထူးရဲ့ Facebook Page မှာ တင်ခဲ့တာပါ။ ဒီသီချင်းလေးကို မိတ်ဆက်ပေးလိုက်တဲ့(၄) နာရီအတွင်းမှာ ပရိသတ်အားပေးမှု ၁သိန်း ပြည့်ခဲ့တယ်လို့ ရွှေထူးက ဆိုပါတယ်။ 

" 4 hr 1M" ဆိုပြီးတော့ အံ့သြဝမ်းသာတဲ့ စတစ်ကာလေးတွေ နဲ့ အတူ ရွှေထူးရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇူလိုင်လ (၁၂)ရက်နေ့ ည ၉ နာရီ ၃၇ မိနစ်ကပဲ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့တာပါ။ ဇူလိုင်လ (၁၃) ရက်နေ့ မနက်ပိုင်း(၁၀)နာရီအချိန်ထိ ဒီ MTV လေးဟာ အားပေးတဲ့ ပရိသတ်ပေါင်း (၂) သိန်းပြည့်သွားပြီဖြစ်ပါတယ်။ ဒီသီချင်းလေးဟာ အချစ်သီချင်းပုံစံ ခပ်မိုက်မိုက်လေး ဖြစ်ပြီး ရွှေဇနီးမောင်နှံ နှစ်ယောက်ကပဲ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ " မိုးစက်များက ပြောသော" သီချင်းလေးဟာ ရွှေထူးက ရွှေမှုန်ရတီကို Anniversary လက်ဆောင် အဖြစ် ပေးတဲ့ သီချင်းလေးပါ ဆိုပြီးတော့ ဇူလိုင် (၁၂) ရက်နေ့ ညနေပိုင်းကပဲ ရွှေထူးရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။ 

Photo: Shwe Htoo

အပြင်မှာ ရှိတဲ့ ချစ်သူ စုံတွဲတွေမှာလည်း ဖုန်းမဆက်လို့၊ မက်ဆေ့ချ်မပို့လို့ စတဲ့အရာလေးတွေကနေတဆင့် ဖြစ်တတ်တဲ့ ပြဿနာလေးတွေကို ရွှေထူးက MTV လေးထဲမှာ ပုံဖော်ထားတယ်လို့ ဆိုပါတယ်။ " မိုးစက်များက ပြောသော" သီချင်းလေးထဲမှာလည်း ပရိသတ်ကို သိစေချင်တဲ့ အရာလေးတွေကို ရွှေထူးက အခုလို ပြောပြလာပါတယ်။ 

"ရန်ဖြစ်တဲ့အခန်းကြီးပဲ ဘာလို့ကွက်ကွက်ကွင်းကွင်းမြင်အောင်ရိုက်ပြလဲဆိုတော့... ရုပ်ရှင်ထဲမှာဆို ဆင်ဆာ ထိလောက်မယ်ဗျ။ ဒါမျိုးတွေက Music Video ထဲမှာ ရန်ဖြစ်တဲ့အကြောင်းအရာကိုကြည့်ပါ Anniversary ပျော်ရမယ့်နေမှာရန်ဖြစ်တာ...အဲ့ဒီထက်ပေါ့ပါးတဲ့ပြဿနာတွေနဲ့ ကြီးကြီးကျယ်ကျယ်ရန်ဖြစ်နေတဲ့ အတွဲတွေလည်းအပြင်မှာအများကြီးပါ။ အထူးသဖြင့် လူငယ်တွေပိုများတာပေါ့ ငယ်တော့စိတ်မြန်တယ်၊ အမှားပိုများကြတယ်၊ မာနပိုထားကြတယ်၊ကောင်မလေးမှာလည်း ဝမ်းနည်းဒေါသတွေနဲ့စောင့်နေတဲ့အချိန်... ကောင်လေးကလည်း အပြင်မှာအလုပ်တွေပင်ပန်းလာတာရှိမယ်၊ စိတ်ရှုပ်လာတာတွေရှိမယ်၊ ဘာမဟုတ်တဲ့ပြသနာနဲ့ အကြီးအကျယ်စကားတွေများ ဆဲဆိုပြီး လက်တွေပါ... ရိုက်ရဲရင် ရိုက်ကြည့် စိန်ခေါ်... တစ်ယောက်ယောက်လျော့ရင် အဆင်ပြေသွားနိုင်ပေမယ့်... နှစ်ဖက်လုံးမလျှော့ကြဘူးလေ...တချို့တွေသဘောပေါက်နားလည်ကြပေမယ့် တစ်ချို့တွေအတွက်ကျ ကြည့်ရတာအရမ်းအကျည်းတန်နေပါလိမ့်မယ်... မတတ်နိုင်ဘူးလေ...အပြင်မှာ အရမ်းချစ်ကြတဲ့ အတွဲတွေ ဒီလိုရန်ဖြစ်ကြတယ်၊ ဒီ့ထက်ပိုဆိုးကြတယ် ဆိုတာ အမှန်တရားပဲ ... ( ဒီလို ပုံစံမျိုးနဲ့ Music Video တင်ဆက်ပေးတာကို ဘဝင်မကျကြတဲ့မိဘပြည်သူအချို့ကိုလည်းတောင်းပန်ပါတယ်ခင်ဗျာ " ဆိုပြီးတော့ ရွှေထူးရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇူလိုင်လ (၁၃) ရက်နေ့ မနက် ၇ နာရီကျော်က ရေးသားထားတာ တွေ့ရပါတယ်။ 

Photo: Shwe Htoo

ရွှေထူး နဲ့ ရွှေမှုံရတီတို့ သီဆိုထားတဲ့ "အမှား" သီချင်းကလည်း ပရိသတ်ကြားမှာရေပန်းစားခဲ့ပါသေးတယ်။ ဒုတိယမြောက် သီချင်းဖြစ်တဲ့ "မိုးစက်များက ပြောသော" သီချင်းကလည်း အခုဆို ပရိသတ်ဆီကို ရောက်ရှိလို့လာခဲ့ပါပြီ။ 

" ကျွန်တော်အနုပညာပိုင်းနဲ့ပတ်သက်လို့လည်းအများကြီးကြိုးစားပါဦးမယ်ခင်ဗျာ။ ဘယ်လိုမှအဆင်မပြေရင်လမ်းခွဲပါ၊ အမုန်းနဲ့လမ်းမခွဲပါနဲ့ အချစ်နဲ့ပဲလမ်းခွဲပါ။ P.S ဒီPostက သိတဲ့လူတွေအတွက်မဟုတ်ပါခင်ဗျာ။ လေးစားလျက်ရွှေထူး #မိုးစက်များကပြောသော..." ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားပါသေးတယ်။ 

Photo: Shwe Htoo

လက်ရှိမှာ ရွှေထူးက ကိုယ်တိုင် သီဆိုထားတဲ့ "မ ဆယ်လီ သား တစ်လီ" သီချင်းလေးကလည်း အောင်မြင်လျှက်ရှိပါတယ်။ အဲဒီနောက် အဆိုတော် နိုင်းဝမ်း၊ အဆိုတော် မင်းမြတ်စိုးစံ တို့နဲ့ အတူ Single ဆိုတဲ့ သီချင်းအသစ်လေး ထွက်ရှိထားပါတယ်။သူ့ကိုတော့ အချစ်သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဂီတနဲ့ပတ်သက်ပြီး ‘’စိတ်ကူးယဉ်စာအုပ်’’ ၊ ‘’I’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ၂ ခွေထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် သူ့ရဲ့ Single Song အသစ်လေးတွေကိုလည်း အွန်လိုင်း စာမျက်နှာပေါ်မှာ တင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ သူဟာ သရုပ်ဆောင်အလုပ်တွေလည်း တစိုက်မတ်မတ်လုပ်ဆောင်လာ တာဖြစ်သလို သီချင်းတွေအသစ်တွေလည်း ကိုယ်တိုင်ဖန်တီးနေတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က