ပန်းစည်း၊ LV အိတ်တို့နဲ့ Surprise လုပ်ခဲ့တာပါ။

ရွှေမှုံတစ်ယောက် အပျော်တွေ လွန်ပြီး အိပ်လို့မပျော်တောင် ဖြစ်ခဲ့ရပါတယ်။ ဇူလိုင်(၂၉) ရက်နေ့ညက တစ်ယောက်သူရဲ့ Surprise ကြောင့် ရွှေမှုံမှာ အပျော်ကြီး ပျော်ခဲ့ရပါတယ်တဲ့။ Surprise အတိုက်ခံလိုက်ရတဲ့ ရွှေမှုံရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ထည့်ပေးထားတယ်နော်။


 

သရုပ်ဆောင် ရွှေမှုံရတီက အချစ်ရေးကို ပရိသတ်တွေ ပိုပိုပြီး စိတ်ဝင်စားလို့ နေကြပါတယ်။ ချစ်သူ"မောင်" နဲ့ လမ်းခွဲပြီးနောက် သူမရဲ့ အချစ်ရေးက ပရိသတ်တွေကို ပိုပြီး စိတ်ဝင်စားစေခဲ့တာပါ။ အခုလည်း ရွှေမှုံဟာ တစ်ယောက်သောသူရဲ့ Surprise ကြောင့် အပျော်ကြီး ပျော်လို့နေပါတယ်။

အကောင့်ပြန်ရရချင်း ပရိသတ်တွေနဲ့ Live ပြောခဲ့တဲ့ ရွှေမှုံရတီ 

သူမ Surprise အတိုက်ခံလိုက်ရတဲ့ အကြောင်းကိုလည်း ပရိသတ်တွေ သိအောင် ဖေ့စ်ဘွတ်ကနေ Live လွှင့်ပြီး ပြောပြခဲ့တာပါ။ ရွှေမှုံတစ် ယောက် ည(၁၂)နာရီကျော်တဲ့အချိန်ထိ မအိပ်နိုင်ပဲ ပျော်နေခဲ့ပါတယ်။ သူမအရမ်းပျော်နေတဲ့ အကြောင်းကိုလည်း ဖေ့စ်ဘွတ်မှာ Live လွှင့်ပြီး ပြောခဲ့တာပါ။

"သဲအရမ်းပျော်နေလို့ပါ။ ဒီနေ့ Surprise တွေသောက်ရပါတယ်။ ဒီနေ့တော့ နည်းနည်းစိတ်ပင်ပန်းရပေမယ့် အရမ်းပျော်ရပါတယ်။" ဆိုပြီး ပရိသတ်တွေကို ပြောပြထားတာပါ။ သူမရဲ့ Live ကို မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက် ဗီဒီယိုဖိုင်လေး ထည့်ပေးလိုက်တယ်နော်။

ရွှေမှုံဟာ လက်ရှိအချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ဘာမှ အသိပေးထားတာမျိုးတော့ မရှိသေးပါဘူး။ အခုရက်ပိုင်းမှာ သူမက အချစ်နဲ့ ပတ်သက်တဲ့ စာတိုလေးတွေ ရေးပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ဖြစ်နေတာ တွေ့ရပါတယ်။အဲ့ဒါကြောင့် ရွှေမှုံရဲ့ လက်ရှိအချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိတ်ဝင်စားလို့နေတာပါ။

ရွှေမှုံက သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြတတ်သူ တစ်ဦးပါ။ အခုလည်း သူမရဲ့ လက်ရှိ အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောပြမယ့် အကြောင်းအရာလေးတွေကို ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။

 

အသက် ၁၃ နှစ်အရွယ်နဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာတဲ့ ရွှေမှုန်ရတီဟာ ငယ်ရွယ်သေးပေမဲ့ အရမ်းကို ရင့်ကျက်တဲ့ မိန်းကလေးတစ်ယောက်ပါ။ထူးခြားတဲ့ ဟန်ပန်၊ ဆန်းသစ်တဲ့ ဝတ်ဆင်မှုတွေကြောင့် ဝေဖန်မှုများစွာ ခံရပေမဲ့ ကိုယ်လုပ်စရာရှိတာကို ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သူလည်း ဖြစ်ပါတယ်။

အနုပညာပျိုးခင်း (၁) ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီဟာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကတည်းက သရုပ်ဆောင်ကောင်းသူအဖြစ် နာမည်ရလာသူဖြစ်ပြီး လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က