ပရိသတ်တွေကလည်း သိချင်နေကြပါတယ်။

လင်းဇာနည်ဇော်အတွက် တိုင်ပင်ဖော်တစ်ယောက်ရှိလာပါပြီတဲ့။ သူမက ဆယ်နှစ်ကျော်အကြာ သမီးလေး မြူလင်းကိုကို ကို မိခင်တစ်ဦးတည်း မေတ္တာနဲ့ ပြုစုစောင့်ရှောက်လာခဲ့တာပါ။

Photo: Lin Zar Ni Zaw

လင်းဇာနည်ဇော်က အခုချိန်မှာတော့ သူတစ်ယောက်တည်း မဟုတ်တော့ဘူးလို့ ဖွင့်ပြောပြလိုက်ပါပြီ။ သူမဟာ သမီးလေး မြူလင်းကိုကို အပေါ် Single Mother တစ်ယောက်အနေနဲ့ စောင့်ရှောက်လာခဲ့တာ ဖြစ်ပါတယ်။

‘’ခုချိန်မှာ ကိုယ်ဟာတစ်ယောက်ထဲမဟုတ်။ ဘေးမှာတိုင်ပင်ဖော်ရှိနေပြီ’’ ဆိုပြီးတော့ မတ်လ ၁၂ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် ဘေးမှာရှိနေတဲ့သူကို ချစ်စရာကောင်းတဲ့ စတစ်ကာလေး အပြည့်အုပ်ပြီး ဖေ့စ်ဘွတ်ပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ လင်းဇာနည်ဇော်ကို ချစ်တဲ့ ပရိသတ်တွေကတော့ သူမက စနောက်နေတာလား၊ အတည်လားဆိုတာကို အရမ်းသိချင်နေကြတာကို Comment တွေကနေတဆင့် တွေ့မြင်နိုင်ပါတယ်။

Photo: Lin Zar Ni Zaw

လင်းဇာနည်ဇော်ဟာ အခုလက်ရှိမှာတော့ မိခင်ဖြစ်သူ၊ အစ်မဖြစ်သူ လင်းဇာနည်ဇော်၊ အစ်ကိုဖြစ်သူ ဒါရိုက်တာ မိုက်တီးတို့နဲ့ အတူ နေထိုင်တာဖြစ်ပါတယ်။ သူမဟာ သမီးလေး မြူလင်းကိုကို အပေါ် အမေ တစ်ယောက်လိုရော၊ အဖေ တစ်ယောက်လိုပါ ပြုစုပျိုးထောင်လာခဲ့တာဖြစ်ပါတယ်။ မြူလင်းကိုကိုက သြစတြေးလျနိုင်ငံမှာရှိတဲ့ The University of Technology (UTS) ကျောင်းမှာ Foundation course ကို တက်ရောက်သင်ကြားနေသူ ဖြစ်ပါတယ်။

Photo: Lin Zar Ni Zaw

လင်းဇာနည်ဇော်ရဲ့ တစ်ဦးတည်းသော သမီးလေး မြူလင်းကိုကို ဟာ လက်ရှိမှာတော့ ပညာရေးကို ဦးစားပေးဆောင်ရွက်နေသူဖြစ်ပါတယ်။ လိမ္မာတဲ့ သမီးလေးကို ပိုင်ဆိုင်ထားတယ်လို့လည်း လင်းဇာနည်ဇော်က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

''သမီးလိမ္မာလို့လည်း မပြောရဘူး၊ သူ့ဟာနဲ့သူတော့ စာကြိုးစားတယ်။ သူ့ကျောင်းစာနဲ့ပတ်သက်ပြီးတော့ အစ်မက မီးထိုးရတာ ဘာမှ မရှိ ဘူး။ အစ်မလုပ်ပေးရတာဆိုလို့ပိုက်ဆံရှာပေးရတာတစ်ခုပဲ ရှိတယ်။ ဒီမှာ ကျောင်းစတတ်ကတည်းကိုကဟိုရောက်သွားတဲ့အထိပေါ့။ ဟိုမှာ ကလည်း ကျောင်းစာရိတ်က ကြီးတော့ မနည်းရှာနေရတယ်ဆိုတာလည်းသိတယ်။ တစ်ခါတလေကျရင် အစ်မကို ဘာမှ မပူဆာဘူး သူ့ အဒေါ်တွေ ဦးလေးတွေကိုပဲ ပူဆာတယ်'' လို့ လင်းဇာနည်ဇော် က ဆက်လက်ပြောပြထားပါတယ်။

Photo: Lin Zar Ni Zaw

ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားပေမယ့်လည်း ပရိသတ်အားပေးမှု ရရှိထားတဲ့ လင်းဇာနည်ဇော်ဟာ ကိုယ်ပိုင်စီးပွားရေးတွေကိုလည်း လုပ်ကိုင်နေ သူပါ။ အစ်မဖြစ်သူ သရုပ်ဆောင် ချစ်ချစ်ဇော်နဲ့ အတူ ရွှေတောင်ခေါက်ဆွဲ အလုပ်ကိုလည်း လုပ်ကိုင်နေသလို။ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ကိုယ်ပိုင် ဖက်ရှင်ဆိုင်လည်း ဖွင့်လှစ်ထားပါသေးတယ်။ 



က္က