နာမည်ဖျက်နေကြတဲ့ Page အတုတွေ ရှိပါတယ်။
 

သရုပ်ဆောင်ပိုင်တံခွန် ကို အခြောက် Gay ဇာတ်သွင်းနေကြတဲ့ Page အတုတွေကို တော်သင့်ပြီလို့ ကြေညာလိုက်ပါပြီ။ Page အတုတွေကနေ တဆင့် ဘယ်လောက်ပဲ နာမည်တွေဖျက်ဖျက် တစ်သက်လုံး ခြောက်လာမှာ မဟုတ်ဘူးလို့လည်း ပြောခဲ့ပါသေးတယ်။


'' ကျုပ်ကို အခြောက် gay ဇာတ်သွင်းနေတဲ့ page အတုတွေ တော်သင့်ပြီလေဗျာ။ ခင်များတို့က နာမည်ဖျက်တာ ရိုးရိုးမဖျက်ဘဲ လင်ရှာပို့စ် တွေပဲ တင်နေတာ မပင်ပန်းဘူးလားဗျာ။ ခင်များတို့ ကြိုက်သလောက်နာမည်ဖျက် တစ်သက်လုံးလည်း ကျုပ်က ခြောက်လာမှာ လည်း မဟုတ်ဘူး။ သေချာတာတော့ ခင်များတို့ ဗုဒ္ဓဘာသာ မဟုတ်လောက်ဘူး တကယ်ပါ ခင်များတို့ ပြန်ခံရမှာ ကျုပ်စိုးရိမ်မိတယ်'' ဆိုပြီးတော့ ဇွန်လ ၃၀ ရက်နေ့ နေ့လည် ၁၂ နာရီ ၅ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင်မော်ဒယ်လ် ပိုင်တံခွန်ကတော့ သူ့အနေနဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုတည်းသာ သုံးတာပါတဲ့။ '' ပိုင်တံခွန်'' ဆိုတဲ့ မြန်မာ နာမည်နဲ့ Facebook Page တစ်ခုက သူ့ရဲ့ ပုံတွေကိုတင်ပြီး ပေါက်ကရစာတွေရေးထားတဲ့အပေါ် သရုပ်ဆောင်ပိုင်တံခွန်ကိုယ်တိုင်က မေလ ၂၉ ရက်နေ့တုန်းက သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာအခုလို ရင်ဖွင့်ရေးသားခဲ့ပါသေးတယ်။

''ကျွန်တော် ဘာpage တွေ ပစ်တွေမှ မသုံးပါဘူးခင်မျာ fb အကောင့်တစ်ခုပဲ ရှိပါတယ်။ ဒီ page က Apr 17 အထိတော့ ကိုယ့်အပေါ်ချစ်သား။ Apr 23 ကစပြီး ကိုယ့်ရဲ့ ဘယ်အရာက ဘာတွေ သောက်မြင်ကတ်သွားစရာဖြစ်သွားလဲ မသိ ။ Page ပိုင်ရှင် အကိုသော်လည်းကောင်း အမသော်လည်းကောင်း တောင်းဆိုတာပါ အရင်လို နွေးထွေးတဲ့ ပို့စ်တွေဘဲ တင်ပေးပါခင်ဗျာ။  ပေါက်ကရတင်ရင်လည်း ကျွန်တော့အနေနဲ့ ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး။ ယောကျ်ား မိန်းမ LGBT အားလုံးကို တသားတည်းပျော်စေချင်လို့ပါ'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့ဘွတ် စာမျက်နှာကနေ ရေးသားခဲ့တာပါ။  ပိုင်တံခွန် ဆိုတဲ့ Facebook Page မှာတော့ Like လုပ်ထားသူပေါင်း ၆၁,၀၀၀  ကျော် ရှိပါတယ်။

 

သရုပ်ဆောင် ပိုင်တံခွန်ဟာ အနုပညာအလုပ်မှာပဲ ဖြစ်ဖြစ်၊ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေမှာပဲ ဖြစ်ဖြစ်၊ အချစ်ရေး ကိစ္စရပ်တွေမှာပဲ ဖြစ်ဖြစ် မကြာခဏဆိုသလို ဝေဖန်မှုတွေနဲ့ ကြုံတွေ့ နေရသူပါ။ ပိုင်တံခွန်ဟာ မိန်းကလေးပရိသတ်တွေအားပေးမှုအများဆုံးရရှိထားတဲ့ တက်သစ်စ အမျိုးသား အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပိုင်တံခွန်တစ်ယောက် ရုပ်ရှင် ဇာတ်ကားကြီး တွေ လက်ခံရိုက်ကူးနေရပြီဖြစ်ပါတယ်။ သူပါဝင်ထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေလည်း ရုံတင်ဖို့ရှိတယ်လို့ သိရပါတယ်။ မော်ဒယ်အလုပ်မှာ အောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင် ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။ အခုလက်ရှိမှာတော့ ကြော်ငြာတွေရိုက်ကူးနေရင်းနဲ့ ခရီးတွေ ထွက်ဖြစ်နေ တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က