၈ လပိုင်းမှာ လုပ်သွားမယ်လို့ ပြောပါတယ်။

မြန်မာပြည်ဖွား ဂျပန်အဆိုတော်ဖြစ်တဲ့ မိုရီဆာကီဝင်းဟာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ သူ့ရဲ့ ပရိသတ်တွေအတွက် Online Live Show လုပ်သွားမယ်လို့ ဆိုပါတယ်။ 

Photo: Win_morisaki_official



မြန်မာပရိသတ်တွေရဲ့ အချစ်တော် မိုရီဆာကီဝင်းကတော့ တစ်ကမ္ဘာလုံးက ကြည့်လို့ရနိုင်မယ့် Live Show လုပ်ဖို့ စီစဉ်နေပြီလို့ ဆိုပါတယ်။ မြန်မာပရိသတ်တွေလည်း သူ့ရဲ့ ဒီ Live Show လေးကို ကြည့်လို့ရနိုင်တော့မှာပါတဲ့။ 

“ သြဂုတ်လ ပေါ့နော်။ ၈ လပိုင်း ၂၉ ရက်နေ့ ကျလို့ရှိရင် တစ်ကမ္ဘာလုံးမှာ ကြည့်လို့ရမယ့် Online Live Show ကို ကျွန်တော် လုပ်ပါမယ်ခင်ဗျ။ မြန်မာပြည်က ပရိသတ်တွေလည်း ကျွန်တော့်ရဲ့ Live Show ကို ကြည့်လို့ရတဲ့ အတွက် စောင့်မျှော်ပေးကြပါခင်ဗျာ။ မြန်မာပြည်ကို ပြန်လာပြီး Live Show လုပ်လို့ရအောင် ကျွန်တော်လည်း ကြိုးစားပါဦးမယ်ခင်ဗျ” ဆိုပြီးတော့ ဇူလိုင်လ ၁ ရက်နေ့ နေ့လယ် ၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာ မျက်နှာမှာ ဗီဒီယိုဖိုင်လေးတင်ရင်း ပြောပြခဲ့တာပါ။ 

Photo: Win_morisaki_official

မိုရီဆာကီဝင်းဟာ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် သီချင်းတစ်ပုဒ်ဖြစ်တဲ့ PARADE ဆိုတဲ့ သီချင်းလေးကို ဇူလိုင် ၁ ရက်နေ့က ထွက်ရှိထားပါတယ်။ သီချင်း CD အခွေလေးကိုလည်း ပရိသတ်တွေ ဝယ်ယူလို့ရပြီလို့ ဆိုပါတယ်။ 

“ ၇ လပိုင်း ၁ ရက်နေ့က စပြီး ကျွန်တော့်ရဲ့ သီချင်း CD လေးကို မြန်မာပြည်ကနေ ဝယ်လို့ရနေပါပြီ။ ပြီးတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် YouTube Channel လေးကိုလည်း အားပေးဖို့ မမေ့ပါနဲ့နော်။ ဒီအခြေအနေကြီးလည်း အားလုံး ကောင်းသွားပါစေလို့ ကျွန်တော် ဆုတောင်းနေပါတယ်။ မြန်မာပြည်က Fan တွေနဲ့လည်း ကျွန်တော် မြန်မြန် တွေ့ချင်နေပါတယ်ခင်ဗျ" ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Win_morisaki_official

မိုရီဆာကီဝင်းဟာ ဂျပန်နိုင်ငံမှာရှိတဲ့ J Pop Boyband တစ်ခုဖြစ်တဲ့ PRIZMAX အဆိုတော် အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပါတယ်။ Stardust Promotion ကုမ္ပဏီက ၂၀၀၂ ခုနှစ်မှာ Japan Boyband တစ်ခုဖြစ်တဲ့ PRIZMAX စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ် မတ်လ ၂၇ ရက်နေ့က ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။ PRIZMAX အဖွဲ့မှာတော့ မိုရီဆာကီဝင်းဟာ မြန်မာလူမျိုးတစ်ဦးဖြစ်ပါတယ်။ ကျန်တဲ့ အဖွဲ့ဝင်တွေကတော့ ဂျပန်နိုင်ငံသားတွေပါ။ 

Photo: Win_morisaki_official

အခုချိန်မှာတော့ မိုရီဆာကီဝင်းဟာ အနုပညာအလုပ်တွေကို တစ်ဦးတည်း တစိုက်မတ်မတ် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ သူဟာ "ဇာတိမြေ" ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် မြန်မာ ပရိသတ်တွေရဲ့ အားပေးမှုကို အများကြီး ရရှိခဲ့သူဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာရှိတဲ့ TV Program တွေမှာလည်း ပါဝင်လာခဲ့သူတစ်ယောက်ပါ။ လက်ရှိမှာတော့ သူဟာ ဂျပန်နိုင်ငံမှာ နေထိုင်လျက်ရှိပြီး သီချင်းတွေ သီဆိုနေတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က