၁၀ နှစ်အကြာလက်တွဲလာတဲ့ ချစ်သူတွေဖြစ်ပါတယ်။
Sabal Thwin

နေဝင်းကတော့ ၁၀ နှစ်ကျော်ကြာ လက်တွဲလာတဲ့ ချစ်သူလေး အိမ့်ချစ်ချောကို တစ်နိုင်ငံလုံးက ပရိသတ်တွေအရှေ့မှာ လက်ထပ်ခွင့်တောင်းလိုက်ပါပြီ။

Photo: Eaint Chit Chaw

နေဝင်း(Snare) ကတော့ ချစ်သူကောင်မလေး အိမ့်ချစ်ချောကို New Year ဖျော်ဖြေပွဲမှာ လက်ထပ်ခွင့်တောင်းခဲ့တာကို တွေ့ရပါတယ်။သူ့ရဲ့ romantic ဆန်မှုတွေက မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားကျစရာကောင်းတဲ့ ကမ်းလှမ်းချက်လေးတစ်ခု ဖြစ်ခဲ့ပါသေးတယ်။ 

“ ကျွန်တော် ပရိသတ်ကြီးကို သက်သေထားပြီး လက်ထပ်ခွင့်တောင်းချင်ပါတယ်။ ထာဝရချစ်ခွင့်ပေးပါလို့ ပရိသတ်ကြီးအရှေ့မှာ ကျွန်တော် ပြောချင်ပါတယ်။ ကျွန်တော့်ကို ကူညီပေးခဲ့ကြတဲ့ သူငယ်ချင်းတွေ အကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်။” ဆိုပြီးတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့ညက Frenzo Artists တွေရဲ့ New Year Countdown Show ပွဲမှာ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။

Photo: Eaint Chit Chaw

နေဝင်းရဲ့ ချစ်သူလေး အိမ့်ချစ်ချော တစ်ယောက်လည်း အရမ်းကို ပျော်ရွှင်နေတာ တွေ့ရပြီး လက်ထပ်ခွင့်တောင်းခံလာတဲ့ ချစ်သူရဲ့ သဘောထားကိုလည်း အပြည့်အဝ လက်ခံတယ်လို့ ဆိုပါတယ်။ အိမ့်ချစ်ချောကတော့ Travel Kueen ဆိုတဲ့ ကိုယ်ပိုင်ပေ့ချ်လေးတည်ထောင်သူ Travel Blogger လေးတစ်ယောက်ဖြစ်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးကိုလည်း ဦးဆောင်နေသူတစ်ယောက်ဆိုရင် မမှားပါဘူး။

Photo: Eaint Chit Chaw

နေဝင်း(Snare) နဲ့ အိမ့်ချစ်ချော တို့အတွဲကို အားကျကြတဲ့ ပရိသတ်တွေက အများကြီးပါ။ ဒါပေမယ့် နေဝင်းက Ro တတ်တဲ့သူတစ်ယောက် မဟုတ်ဘူးဆိုတာကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

‘’ ကျွန်တော်က အရမ်းRo တတ်တဲ့သူလည်းမဟုတ်ပါဘူး။ ချွဲချွဲပစ်ပစ်တွေ စီကာပတ်ကုံးတွေနဲ့လည်း ကျွန်တော် မပြောဘူး။ သီချင်းရေးရင်လည်း အမျိုးစုံတွေးပြီးတော့ ရေးတာ။ ကျွန်တော်က ပုံမှန်ပဲလို့ ထင်နေပေမယ့်လည်း Ro တယ်လို့ ထင်ရင်လည်း ထင်ကြမှာပေါ့နော်’’ လို့ ဆိုပါတယ်။

Photo: Eaint Chit Chaw

နေဝင်းနဲ့ အိမ့်ချစ်ချောတို့ရဲ့ ချစ်သူသက်တမ်းကတော့ ဒီဇင်ဘာလ ၂၅ ရက်နေ့က ၁၀ နှစ်ပြည့်ပြီးပြီဖြစ်ပါတယ်။ နေဝင်းကိုတော့ Snare အဖွဲ့ဝင်တစ်ယောက်အဖြစ် Rap သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ စီးပွားရေးအနေနဲ့ O.M.G Fashion Brand တွေ ထုတ်လုပ်နေတာ ဖြစ်သလို၊ ချစ်သူကောင်မလေးကလည်း မိန်းကလေးအလှအပနဲ့ ပတ်သက်တဲ့ Fashion တွေ ထုတ်နေတယ်လို့ သိရပါတယ်။ ကိုယ်ပိုင်စီးပွားရေး ကိုယ် စီလည်း ဦးဆောင်နေရသလို အနုပညာအလုပ်တွေကိုလည်း ချစ်သူကောင်မလေးက ကူညီပေးတာကြောင့် ချစ်သူရ ကံကောင်းသူပါပဲ။




ဆက်စပ်အကြောင်းအရာများ


က္က