ပရိသတ်တွေက သာဓု ခေါ်ဆိုခဲ့ကြပါတယ်။

ဇေရဲထက်ကတော့ တစ်နှစ်တာလုံး စုဆောင်းထားတဲ့ အနုပညာကြေးတွေနဲ့ အဘွားကို ကန်တော့ခဲ့တာ တွေ့ရပါတယ်။ လက်ရှိမှာတော့ သူက အောင်မြင်နေတဲ့ မင်းသားတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

photo: Zay Ye Htet



သရုပ်ဆောင် ဇေရဲထက်ကတော့ သူ့ရဲ့ အနုပညာအလုပ်တွေကနေ ရရှိလာတဲ့ အနုပညာကြေးတွေနဲ့ အဘွားဖြစ်သူကို ကန်တော့ခဲ့တယ်လို့ဆိုပါတယ်။ 

‘’သီတင်းကျွတ်အခါမှာ တစ်နှစ်ပတ်လည်လုံးစုဆောင်းသမျှငွေလေးနဲ့ အဘွားအားကန်တော့။ အဘွားကျန်းမာပါစေ။ အစာလေးတော့ရှောင်ပေါ့’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အနုပညာ ညီအစ်ကို မောင်နှမတွေနဲ့ ပရိသတ်တွေကလည်း Comment ကနေတဆင့် သာဓု ၃ ကြိမ်ခေါ်ခဲ့ကြတာ တွေ့ရပါတယ်။ 

Photo: Zay Ye Htet

ဇေရဲထက်ဟာ အနုပညာအလုပ်အပေါ် ဝါသနာပါလွန်းသူဖြစ်တာကြောင့် ရန်ကုန်မှာ တစ်ယောက်တည်းနေပြီး အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ ဆင်းရဲတဲ့ မိသားစုဝင်တွေထဲက မွေးဖွားလာတဲ့သူဖြစ်တာကြောင့်လည်း အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်တဲ့။

‘’ကျွန်တော် ရန်ကုန် စရောက်လာကတည်းက မိဘတွေ ထောက်ပံ့ပေးမှု သိပ်မရှိဘူး။ ထောက်ပံ့ပေးနိုင်စွမ်းလည်း မရှိဘူး။ ကျွန်တော့် မိဘတွေက ချမ်းချမ်းသာသာထဲက မဟုတ်ဘူး။ သာမန်လူတွေဖြစ်တဲ့အတွက် ကျွန်တော် ဝါသနာပါတဲ့ အလုပ်ကို လုပ်တယ်။ အခုဆိုရင် ပိုပြီး မြင့်မားတဲ့ ဘဝကို ရောက်ခဲ့ရတယ်။ ဘာကြောင့်လဲဆိုတော့ အခုချိန်ထိ သူများအပေါ် မတရားတာ ဘာမှ မလုပ်ခဲ့ဘူး။ ကိုယ်တတ်နိုင်သလောက်လှူတယ်။ ကျွေးတယ် အဲ့ဒီစိတ်တွေနဲ့ပဲ နေခဲ့တယ်'' လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo: Zay Ye Htet

ဇေရဲထက်က အခုဆိုရင် ပြည်သူချစ် သရုပ်ဆောင် မင်းသား တစ်ယောက်ဖြစ်လို့နေပါပြီ။ သူ့ကိုတော့ ဗီဒီယိုဇာတ်ကား. တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ စတင် သိရှိလာခဲ့တာဖြစ်ပါတယ်. အခုလက်ရှိမှာတော့ ဗီဒီယိုဇာတ်ကားတွေသာ မက ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက် ရိုက်ကူးနေရတာ ကို တွေ့ရပါတယ်။ အဲ့ဒီနောက် သူစိတ်ကူးယဉ်ခဲ့ဖူးတဲ့ အိမ်လေးတစ်လုံးကိုလည်း ပိုင်ဆိုင်ထားနိုင်ပြီဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က