မေလ အတွင်းက လက်ထပ်ခဲ့ကြတာပါ။

စိုးရန်အောင်ကတော့ ချစ်ဇနီးချောလေး သရုပ်ဆောင် သက်သခင် ဟာ ပထမဆုံးရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီလို့ ဝမ်းသာအားရ ပြောပြလာပါတယ်။ 

Photo: Soe Yan Aung



သရုပ်ဆောင် သက်သခင်ကတော့ ကိုယ်ဝန်လွယ်ထားရပြီလို့ ခင်ပွန်းဖြစ်သူ သရုပ်ဆောင် စိုးရန်အောင်က ပြောပါတယ်။ သူကတော့ ဖခင်တစ်ယောက်ဖြစ်တော့မှာမို့ ဝမ်းသာနေတယ်လို့ ဆိုပါတယ်။ 

" Change Of life; မကြာခဏပေါ့ဗျာ.. ပွဲတွေမှာ မီဒီယာတွေနဲ့တွေ့တိုင်း ကျွန်တော်တို့လင်မယားကို“ကလေးမယူသေးဘူးလား ? ၊ ဘာလို့လဲ မယူတာလား ? “ တဲ့လေ။ မိတ်ဆွေသူငယ်ချင်းဆွေမျိုးများနဲ့ဆုံရင်လည်း အဲဒီအတိုင်းပဲမေးကြလေတော့ “ဟုတ်ကဲ့ ကျွန်တော်ကြိုးစားပါ့မယ်” ဆိုပြီးဖြေခဲ့မိတာပေါ့ ပြန်တွေးကြည့်တော့ ခပ်ရှက်ရှက်ရယ်။ ဟုတ်ကဲ့ အခုအဖြေပြောင်းပြီးဖြေပေးပါ့မယ်။ မကြာခင် ကျွန်တော်ဖခင်ဖြစ်ပါတော့မယ်ဗျာ!!! ကျွန်တော်တို့ရဲ့ မိဘတွေ အဘိုးအဘွားစာရင်းဝင်လို့ အကိုတွေ ဘကြီးဖြစ်ပြီပေါ့ဗျာ ...!!! မိန်းမရေ ကျေးဇူးပါကွာ" ဆိုပြီးတော့ ဇွန်လ (၁၄) ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံကို ချစ်တဲ့ ပရိသတ်တွေကလည်း ဝမ်းသာမဆုံးဖြစ်လို့နေပါတယ်။ 

Photo: Soe Yan Aung

စိုးရန်အောင်နဲ့ သက်သခင် တို့ဟာ ၂၀၁၈ ခုနှစ် ၊ မေလ ၆ ရက်နေ့ မှာ Melia Hotel မှာ မင်္ဂလာအခမ်းအနား ကျင်းပခဲ့တာဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ ၂၀၁၇ ခုနှစ် ၉ လပိုင်း ၁၁ ရက်နေ့မှာ စေ့စပ်ပွဲကျင်းပခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီလ (၆) ရက်နေ့က အောင်မြေဘုံသာ သျှမ်းကျောင်း မှာ မင်္ဂလာဦးဆွမ်းကျွေးအလှူပြုခဲ့ကြတာပါ။ လက်ရှိမှာတော့ ကိုယ်ပိုင်စီးပွားရေး တစ်ခု အနေနဲ့ My's Pizza ဆိုတဲ့ ဆိုင်လေးလည်း ဖွင့်လှစ်ထားတာ တွေ့ရပါတယ်။ 

Photo: Kyaw Swar Myint

စိုးရန်အောင် နဲ့ သက်သခင်တို့ ဇနီးမောင်နှံဟာ အနုပညာရှင်တွေ ဖြစ်ကြပါတယ်။ နှစ်ယောက်စလုံးကလည်း အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာပါ။ သက်သခင်ကိုတော့ ပရိသတ်တွေကို မော်ဒယ်လ် တစ်ယောက်အနေနဲ့ စတင်အားပေးလာခဲ့တာ ဖြစ်ပါတယ်။ စိုးရန်အောင်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေ တဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က