ဇူလိုင်လ ၁၄ ရက်နေ့မှာ ပိုင်ဆိုင်ခွင့်ရလိုက်တာပါ။

စိုးပြည့်သဇင်က တူမချောလေးကို ချီရင်း ပီတိအပြုံးတွေ ဝေဆာလို့နေပါတယ်။ တူမလေးကလည်း မေမေ ဒီးဒီနဲ့တူတဲ့ နှုတ်ခမ်းလေးပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

စိုးပြည့်သဇင်တစ်ယောက် တူမအသစ်စက်စက်လေးရပြီဖြစ်လို့ ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ ဒီတူမလေးကိုတော့ ဇူလိုင်လ ၁၄ ရက်နေ့မှာ ပိုင်ဆိုင်ခွင့်ရလိုက်တာပါ။

‘’တူမချောလေးနဲ့ပထမဦးဆုံးတွေ့ဆုံခြင်း’’ ဆိုပြီးတော့ ဇူလိုင်လ ၁၄ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် တူမချောလေးက မေမေ စန္ဒီမြင့်လွင်နဲ့ တူတဲ့ နှုတ်ခမ်းလေး ပိုင်ဆိုင်ထားတယ်ဆိုတာကိုလည်း ပြောပြခဲ့ပါသေးတယ်။ ‘’ မမဒီဒီရဲ့နှုတ်ခမ်းလေးကိုရထားတယ်”လို့လည်း ရေးသားထားပါသေးတယ်။ သူမဟာ တူမလေးကို ချီရင်း ပီတိတွေဖြာနေတဲ့ အမှတ်တရ ဓာတ်ပုံလေးတွေကိုလည်း အတူတူ တင်ခဲ့တာ တွေ့ရပါတယ်။

စန္ဒီမြင့်လွင်ဟာ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်နဲ့ ၂၈ စက္ကန့်မှာ သမီးဦးလေးကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ သမီးလေးရဲ့ ကိုယ်အလေးချိန်ကတော့ ၆ ပေါင်ပါ။ ပန်းလှိုင် ဆေးရုံကြီးမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မိခင်ရော ကလေးပါ ကျန်းမာရေး ကောင်း ကြတယ် ဆိုတာကိုလည်း ဓာတ်ပုံနဲ့ တကွ တင်ခဲ့တာပါ။ ကိုသီဟလွင်နဲ့ စန္ဒီမြင့်လွင်တို့ ရဲ့ မိသားစုဝင် အသစ်လေးကိုတော့ ပရိသတ်တွေက Comment ကနေတဆင့် ကြိုဆို နှုတ်ခွန်းဆက် စကားများပြောခဲ့ကြပါတယ်။

စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ ညီအစ်မ နှစ်ဦးဟာ ညီအစ်မ ဝမ်းကွဲတွေဆိုပေမယ့် ညီအစ်မအရင်းတစ်ယောက်လို အရမ်းချစ်ကြသူတွေပါ။ ဂီတအလုပ်နဲ့ ပတ်သက်ပြီးတော့လည်း သီချင်းတွေ အတူတူဆိုခဲ့ကြပါတယ်။ စိုးပြည့်သဇင်ဟာ သရုပ်ဆောင်ဘက်မှာအောင်မြင်သလို ဂီတဘက်မှာလည်း ကြိုးစားနေသူ တစ်ဦးပါ။ စန္ဒီမြင့်လွင်ကတော့ ဂီတဘက်မှာ အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင် နဲ့ စိုးပြည့်သဇင်တို့အတူပေါင်းပြီး ‘’မင်းသမီးပိုးထည်တိုက်’’ ဆိုတဲ့ ဆိုင်လေး ဖွင့်ထားတာကိုလည်းတွေ့ရပါတယ်။ 

Share

Loading Next Article...
က္က