တကယ့်ကို ဖြုံဘူးရွာသူလေး ဖြစ်နေပြီလား။

ဝတ်မှုံရွှေရည် တစ်ယောက် ခင်နှောင်းကာရိုက်တာဖြစ်လာဖို့ တကယ့်ကို ဖြုံဘူးရွာသူလေး တစ်ယောက်လို လေ့ကျင့်ရေးတွေ လုပ်နေပါပြီ။ ဖြုံဘူးရွာရဲ့ ဓလေ့တွေကိုလည်း သူမအတွက် လေ့လာလို့ မဆုံးနိုင်အောင် ဖြစ်နေပါပြီတဲ့။

photo: Wutt mhone shwe yi

သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ ‘’ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်’’ ရုပ်ရှင်ကားကြီး ရိုက်ဖို့အတွက် ရေစကြိုမြို့က ဖြုံဘူးရွာသူလေး ခင်နှောင်းဖြစ်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ဒီလို ကြိုးစားနေတဲ့အချိန်ကတော့ သူမအတွက် မမေ့နိုင်စရာ အမှတ်တရတွေ များနေတယ်လို့ ဆိုပါတယ်။

‘’ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ ကြိုမယ်’’ ဇာတ်ကားကြီး မရိုက်ခင်ဖြုံဘူးရွာဓလေ့များကို ကွင်းဆင်းလေ့လာနေတဲ့အမှတ်တရနေ့ရက်များ။ ဇာတ်ကားအတွက်ဆိုပေမယ့် ကစ်အတွက်တော့ တကယ့်ကို မမေ့နိုင်စရာအတွေ့အကြုံ တွေနဲ့ပျော်စရာ နေ့ရက်တွေပါ။ ဇာတ်ကားစရိုက်တော့မယ်ဆိုရင်လည်း ပုံလေးတွေ တင်ပေးမယ်နော့။ ဒါခင်နှောင်းအစစ် မဟုတ်သေးဘူးနော့’’ ဆိုပြီးတော့ ဇူလိုင်လ ၁၇ ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

photo: Wutt mhone shwe yi

‘’ဝတ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ ကြိုမယ်’’ ရုပ်ရှင်ဇာတ်ကားကြီးဟာ နာမည်ကျော်စာရေးဆရာမကြီး ခင်ခင်ထူးရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ဝတ္ထုစာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီ ဝတ္ထုကို အခြေခံပြီး ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားအဖြစ် ဇူလိုင်လ ၁၇ ရက်နေ့မနက်က ကန်တော့ပွဲပေးရင်း စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။

ဒီဇာတ်ကားထဲမှာတော့ အဓိက သရုပ်ဆောင်များအနေနဲ့ ဒေါင်း၊ ထူးအောင်၊ မို့မို့မြင့်အောင်၊ ဝတ်မှုံရွှေရည်တို့က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားရိုက်ကူးဖို့အတွက် ဝတ်မှုံရွှေရည်ဟာ ဇူလိုင်လ ၁၅ ရက်နေ့က ဖြုံဘူးရွာလေးကို စတင်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

photo: Wutt mhone shwe yi

ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။ 

Share

Loading Next Article...
က္က