ပရိသတ်တွေကို ကျန်းမာရေး ဂရုစိုက်စေချင်တယ်။

ဝတ်မှုံရွှေရည်ကတော့ Covid ကာလမှာ သူမချစ်ရတဲ့ ပရိသတ်တွေကို ကျန်းမာရေး အထူး ဂရုစိုက်စေချင်တဲ့ အကြောင်းတွေ ပြောလာပါတယ်။ 

Photo: Wut Hmone Shwe Yi



ဝတ်မှုံရွှေရည်ဟာ လက်ရှိမှာ Covid ကြောင့် ဇာတ်ကားရိုက်ကူးရေးတွေ နားထားတယ်လို့ သိရပါတယ်။ အခုချိန်မှာ ဆီးချို နဲ့ သွေးတိုးရောဂါ အခံရှိတဲ့ မိဘနှစ်ပါးရဲ့ ကျန်းမာရေးကို ဂရုစိုက်နေတယ်လို့ ဆိုပါတယ်။

“ ပရိသတ်တွေ အားလုံး နေကောင်းကြရဲ့လားရှင်။ ကစ်ကတော့ အခု အိမ်မှာပဲနေပါတယ်။ ကိုယ်ခံအားကောင်းအောင် အစားတွေ သေသေချာချာစားတယ်။ ဗစ်တာမင်တွေ သောက်တယ်။ အဓိက ကတော့ ကျန်းမာရေးကောင်းဖို့ လိုအပ်ပါတယ်။ အခုချိန်မှာ အစားလျှော့တာတွေ၊ Gym ဆော့တာတွေ၊ လေ့ကျင့်ခန်း လုပ်တာတွေ မှန်သမျှ ကစ် လျှော့ထားတယ်။ နောက်ထပ် အဓိက ကတော့ မိဘတွေကို ဂရုစိုက်တယ်။ အဖေက ဆီးချိုလည်းရှိတယ်၊ သွေးတိုးလည်းရှိတယ်။ မေမေကလည်း သွေးတိုးရှိတော့ ဂရုစိုက်ပေးနေရပါတယ်။ ပရိသတ်တွေကလည်း ကိုယ့်ရဲ့ ကျန်းမာရေးရော၊ ကိုယ့်မိသားစု ကျန်းမာရေးကိုရော ဂရုစိုက်ကြပါ။ ကျန်းမာရေးက အခုချိန်မှာ နံပါတ်(၁) ပါပဲ” ဆိုပြီးတော့ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီခန့်က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ Live လွှင့်ရင်း ပြောခဲ့တာ ဖြစ်ပါတယ်။ 

Photo: Wut Hmone Shwe Yi

ဝတ်မှုံရွှေရည်ဟာ Covid ကာလ လျှော့နည်းခဲ့ချိန်တုန်းက ကြော်ငြာရိုက်ကူးရေးလေးတွေ အနည်းငယ် လုပ်ခဲ့တာကို တွေ့ရပါတယ်။ မဖြစ်မနေ အပြင်ထွက်ရတိုင်း ကိုယ့်ရဲ့ ကျန်းမာရေးကို ပိုဂရုစိုက်တယ်လို့လည်း သူက ဆိုပါတယ်။ 

“ ကစ်ဆို ရှုတင်သွားတဲ့ အခါ Mask မတပ်ထားရင် Mask တပ်ဖို့ ပြောတယ်။ ကိုယ့်ဘေးက ပတ်ဝန်းကျင်ကိုလည်း သေသေချာချာ ဂရုစိုက်ခိုင်းရတယ်။ ပြီးတော့ ကစ် ဘုရားရှိခိုးတိုင်းလည်း ပရိသတ်တွေကို မေတ္တာပို့ပေးတယ်၊ ဆုတောင်းပေးတယ်။ ကျန်းမာရေးကို ဂရုစိုက်စေချင်တယ်။ ကိုယ့်ရဲ့ အသိ၊ သတိလေးတွေနဲ့ ကျန်းမာရေးကို ဂရုစိုက်ရမှာပါ။ ကိုယ့်မိသားစုထဲမှာဆိုရင် လူကြီးတွေ၊ ကလေးတွေ ရှိတယ်။ တကယ်လို့ ဖြစ်လာခဲ့ရင် ကိုယ်တိုင်လည်း အရမ်းခံစားနေရမှာလေ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Wut Hmone Shwe Yi

ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ ခုနှစ်က "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ " နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က