စက်တင်ဘာလ ၂၈ ရက်နေ့မှာ ထွက်ရှိမှာပါ။

နီနီခင်ဇော်က စတုတ္ထမြောက်ထွက်လာမယ့် တစ်ကိုယ်တော်အခွေအတွက် စိတ်လှုပ်ရှားလို့နေပါပြီ။ ဒီအခွေရဲ့ ခေါင်းစဉ်မှာတော့ နီနီခင်ဇော်ရဲ့ နာမည်လေးလည်း ပါမယ်လို့ဆိုပါတယ်။ 

Photo: Ni Ni



နီနီခင်ဇော်ကတော့ သူမရဲ့ ၄ ခွေမြောက် တစ်ကိုယ်တော်အခွေကို ပရိသတ်လက်ထဲ အရောက်ပို့နိုင်တော့မှာဖြစ်လို့ ဝမ်းသာနေတာ တွေ့ရပါတယ်။ ဒီအခွေကတော့ သူမအတွက် နောက်ထပ် ဘဝမှတ်တိုင်လေး တစ်ခုပါပဲတဲ။

‘’တစ်ကိုယ်တော် အခွေ အတွက် လက်စသတ်ပြီးလို့ နဲနဲ အသက်ရှူချောင်သွားပြီ (နဲနဲပဲ) Music အချိုးအကွေ့တွေနဲ့ နောက်ထပ် မှတ်တိုင်လေးတစ်ခုပါ။ ၄ ခွေမြောက်တစ်ကိုယ်တော် အခွေ ဒီလ ၂၈ ရက်နေ့ထွက်ပါမယ်။ အခွေ Title ဆန်းဆန်းလေး ပေးထားတယ်’’ ဆိုပြီးတော့ စက်တင်ဘာလ ၆ ရက်နေ့ မနက် ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ် ပေ့ချ်မှာ ရေးထားတာ တွေ့ရပါတယ်။ 

Photo: Ni Ni

အခွေနာမည်လေးကိုတော့ နီနီခင်ဇော်ရဲ့ နာမည် ပါဝင်အောင် ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ ဒီအခွေကတော့ သူမအတွက် ရင်အခုန်ရဆုံး အခွေဖြစ်တယ်လို့ ဆိုပါတယ်။

‘’September 28th Newest Solo Album, ကဲ ..... ရင်အခုန်ရဆုံး အချိန်ကိုရောက်လို့လာပါပြီ Ninians တို့ရေသီချင်း Audio CD အသစ်အတွက် မျှော်လင့်နေတဲ့ Ninians တွေအတွက် အခွေ အသစ် နာမည် ကို ခန့်မှန်းကြည့်ရအောင်။ Hints လေးတွေတော့ပေးမယ်နော်။ Album Title မှာ နီနီ နာမည် အပြည့်အစုံရဲ့ တဝက်ပါမယ် .... ပြီးတော့ ပျော်စရာကောင်းတဲ့ Theme တစ်ခုနဲ့ တွဲဆက်ထားတယ်။ ခန့်မှန်းကြည့်ရအောင်’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်။

Photo: Ni Ni

နီနီခင်ဇော်က လက်ရှိ ထိုင်းနိုင်ငံ ရနောင်းမြို့မှာ ပြုလုပ်တဲ့ ဂီတဖျော်ဖြေရေးမှာ သီချင်းဆိုဖို့ရောက်ရှိနေပါတယ်တဲ့။ မကြာခဏဆိုသလို ပြည်ပ ခရီးစဉ်တွေ၊ ဖျော်ဖြေရေးတွေ သွားနေရတာကိုလည်း တွေ့ရပါတယ်။ သူမထွက်ရှိပြီးခဲ့တဲ့ တစ်ကိုယ်တော် အခွေတွေကတော့ ‘’ဂယ်ဘဲ ဂယ်ဘဲ’’၊ ‘’Super Red’’ ၊ ‘’U’’ စတဲ့ အခွေတွေ ထွက်ရှိပြီးခဲ့သလို အောင်မြင်မှုတွေလည်း ရရှိပိုင်ဆိုင်ခဲ့တာတွေ့ရပါတယ်။

Photo: Ni Ni

နီနီခင်ဇော်ဟာ Melody World သီချင်းဆို ပြိုင်ပွဲကနေ စပြီး ဂီတလောကထဲကိုဝင်ရောက်လာ တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ် အားပေးမှု များစွာကို ပိုင်ဆိုင်ထားတဲ့အဆိုတော်တစ် ယောက်ဖြစ်လို့နေပါပြီ။ ဂီတအလုပ်တွေမှာလည်း အောင်မြင်မှုရရှိထားသလိုသူ့ရဲ့ ကိုယ်ပိုင် အလှကုန်ပစ္စည်းဖြစ်တဲ့ Super Red ကလည်း အောင်မြင်လျက်ရှိပါတယ်။ အဲဒီနောက် လူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့် သူမရဲ့ Single Song တွေကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီသီချင်းတွေဟာ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုတွေလည်း အများ ကြီးပိုင်ဆိုင်ခဲ့ပါတယ်။ သူမရဲ့ လက်ရှိအနုပညာလှုပ်ရှားမှု အနေနဲ့ ‘’The Voice Myanmar’’ သီချင်းဆိုပြိုင်ပွဲကြီးမှာ အကဲဖြတ်ဒိုင် တစ်ဦးအဖြစ်ပါဝင်နေသူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က