ဒီနေ့က ရန်အောင်ရဲ့ မွေးနေ့ပါ။

အနုပညာလောကထဲမှာ ဆယ်စုနှစ်များစွာ အောင်မြင်မှု ရရှိထားတဲ့ သရုပ်ဆောင် ရန်အောင်က ဒီနေ့မှာ အသက်(၅၂)နှစ်ပြည့်လို့ သွားပါပြီ။ မွေးနေ့လေးမှာ သူအလိုချင်ဆုံး ဆုတစ်ဆုကို ဘုရားထံမှာ ဆုပန်ခဲ့ပါသေးတယ်။

ဒီနေ့ (ဒီဇင်ဘာ၁၄ရက်)က ရန်အောင်ရဲ့ အသက်(၅၂)နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ အနုပညာလောကထဲမှာ ဆယ်စုနှစ်များစွာအောင်မြင်မှု ရရှိခဲ့တဲ့ သရုပ်ဆောင် ရန်အောင်က သူလိုချင်တဲ့ ဆုတစ်ဆုကို မွေးနေ့မှာ ဘုရားထံ ဆုပန်ခဲ့ပါတယ်။



သားတို့ရုပ်ရည် သီတာမည်သား.. ရေကြည်ချမ်းမြ တစ်ပေါက်ကလေးကျရုံနဲ့...မိဘတို့ဝမ်းငြိမ်းစတမ်းဆိုမှာ.." ဒီနေ့ဟာ ကျွန်တော့်ကို အမေနဲ့အဖေကလူရယ်လို့ဖြစ်လာအောင် မွေးဖွားပေးခဲ့တာ ငါးဆယ့်နှစ် နှစ်ရှိပါပြီ.ဘုရားနဲ့တစ်ဂိုဏ်းထဲဖြစ်တဲ့ သက်ရှိဘုရား မွေးမိခင်ကို ယနေ့အချိန်ထိ လိုလေသေးမရှိအောင်ပြုစု စောင့်ရှောက်နိူင်တာကိုလည်းလွန်စွာဝမ်းသာပီတိဖြစ်ရပါတယ်... "နောင်နှစ်ပေါင်းများစွာတိုင်အောင် အမေ့ကို ပါရမီဖြည့်ပေးရသော စိတ်ချမ်းသာအောင် စောင့်ရှောက်နိူင်သော သားလိမ္မာတစ်ယောက်ဖြစ်ရပါလို၏" လို့ မြတ်စွာဘုရားထံ ဆုပန်ရပါတယ်ခင်ဗျာ.” ဆိုပြီး ဒီဇင်ဘာ(၁၄) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

အဲ့ဒီဆုလေးကို တောင်းရင်းနဲ့ မိခင်အတူ ရိုက်ထားတဲ့ ဓာတ်ပုံလေးကိုလည်း တင်ထားပါတယ်။ ရန်အောင်ရဲ့ မွေးနေ့မှာ အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေတွေ သူငယ်ချင်းအပေါင်းအသင်းတွေက မွေးနေ့ဆုတောင်း စကားတွေ ဆိုထားတာတွေ့ရပါတယ်။အဲ့ဒီထဲကမှ သရုပ်ဆောင် လောကမှ အောင်မြင်မှု ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် တစ်ဦးဖြစ်သူ စိုးမြတ်သူဇာကလည်း ရန်အောင်အတွက် မွေးနေ့ဆုတောင်းစကားပြောထားပါတယ်။

“ချစ်သောအကိုကြီး သက်ရှည်ကျန်းမာအခုထက်ပိုအောင်မြင်ပျော်ရွှင်ပါစေကြောင်း Happy Birthday “ ပါ အကိုကြီးဆိုပြီး ဒီဇင်ဘာ(၁၄) ရက်နေ့မနက်(၃)နာ ရီ (၅၈) မိနစ်က စိုးမြတ်သူဇာရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

ကိုရန်လေးလို့ အနုပညာလောကသားတွေရော ပရိသတ်တွေပါ ချစ်စနိုးခေါ်ခြင်းကို ခံရတဲ့ ရန်အောင်ဟာ အကယ်ဒမီ ဆု (၆)ဆုကို ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ၁၉ ၉ ၁ ခုနှစ်က မယ်သီတာလိုမိန်းကလေး ၊၁၉၉၅ ခုနှစ်က ပုဂံမှာ သာတဲ့လ ၊၁၉၉၆ ခုနှစ်က အလင်းဖျော့ကောင်းကင် ၊၁၉၉၈ ခုနှစ်က ညမင်းသား ၊ ၂ဝဝဝ ခုနှစ်က မောဟမျဉ်းပြိုင်များ နှင့် ၂ဝဝ၆ ခုနှစ်က ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ ဇာတ်ကားများနဲ့ ဇာတ်ဆောင်အကယ်ဒမီများ ရရှိထားသူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က