မွေးနေ့လက်ဆောင် ဝယ်ပေးတာတဲ့။

အိမ့်ချစ်က ပြည်ပမှာ ဖျော်ဖြေပွဲတွေ သွားရင်းနဲ့ မိခင်အတွက် မွေးနေ့လက်ဆောင်ဝယ်ပေးခဲ့တာဖြစ်ပါတယ်။ ဆုကြေးရတဲ့ ပိုက်ဆံနဲ့ LV အိတ်လက်ဆောင် ဝယ်ပေးလိုက်တာပါ။

 

Photo : အိမ့်ချစ်



အိမ့်ချစ်ကတော့ မိသားစုအတွက်ဆိုရင် အရမ်းကို အလိုက်သိလွန်းတဲ့ သမီးလိမ္မာလေးတစ်ယောက်လို့ ဆိုရမှာပါ။ မိခင်နဲ့ မောင်လေးအတွက် ကြိုးစားနေတဲ့ သူမက အခုလည်း မိခင်မွေးနေ့အတွက် LV အိတ်တစ်လုံး လက်ဆောင်ဝယ်ပေးခဲ့ပါတယ်။ ပြည်ပဖျော်ဖြေပွဲတွေ သွားရင်းနဲ့ ရတဲ့ဆုကြေးတွေနဲ့ မိခင်အတွက်မွေးနေ့လက်ဆောင် ဝယ်ပေးခဲ့တာပါ။

“ဆုကြေးရတာတွေနဲ့ အမေ့အတွက် မွေးနေ့လက်ဆောင်အိတ်တစ်လုံးဝယ်လိုက်တယ် ဆုကြေးတွေဘယ်လောက်ရလဲ ခန့်မှန်းလို့ရတယ်ဟုတ်..?? (ဒဲ့ကြွယ်)” ဆိုပြီး ဇွန်လ(၂၉) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : အိမ့်ချစ်

အိမ့်ချစ်က လက်ရှိမှာ နိုင်ငံခြား ဖျော်ဖြေပွဲတွေ ဆက်တိုက်သွားနေရတာ တွေ့ရပါတယ်။ အောင်ရင်၊ Jewel ၊ဇွဲပြည့်တို့နဲ့အတူူ သွားနေတာ ဖြစ်ပါတယ်။

အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော် ဖြေလာ သူ တစ်ဦး လည်း ဖြစ်ပါတယ်။

အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈" ဖျော်ဖြေ ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။

 


ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ သူမဟာ မိဘ၊ဆရာသမားတွေသာမက ဘာသာရေးကို ကိုင်းရှိုင်းပြီး ကိုယ့်လုပ်တဲ့အလုပ်တစ်ခု ကို အမြဲတမ်း အကောင်းဆုံးဖြစ်အောင် ကြိုးစားတတ်တဲ့ သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုကို ရရှိထားနိုင်တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က