မင်းသမီးချောလေးတွေက အလှူငွေကောက်ခံပေးမှာပါ။
Sabal Thwin

ရေဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေအတွက် နိုင်ငံကျော်အနုပညာရှင်တွေအများကြီး စုပေါင်းပြီး ရန်ပုံငွေအဖြစ် ဘောလုံးကန်ကြမယ်လို့ သိရပါတယ်။ ပြည်သူ့အချစ်တော် မင်းသမီးချောလေးတွေကတော့ အလှူခံမှာပါတဲ့။

Photo: Wai Min Maung

မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် နိုင်ငံကျော်အနုပညာရှင်များက ရန်ပုံငွေပွဲအဖြစ် ဘောလုံးကန်သွားမယ်လို့ သိရပါတယ်။ ပရိသတ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံသွားကြဦးမယ်လို့လည်း ကိုဝေမင်းမောင်က ပြောပါတယ်။

‘’မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် ရန်ပုံငွေရရှိစေရန် အနုပညာရှင်များ ပရိသတ်များနှင့် တွေ့ဆုံသွားပါမည်။ဘောလုံးကစားကြမည့် အနုပညာရှင်များ SPECIAL 9 ( ထူးအယ်လင်း ယုန်လေး Nine One၊ထက်ယံ သားသား Ice Cold Oakgar )၊ Frenzo ( စိုင်းစိုင်းခမ်းလှိုင်၊ နန္ဒစိုင်း . SNARE G . Fatt . Bunny Phyoe .)၊ နှင်းဆီ အဖွဲ့( မင်းမော်ကွန်း ကျော်ကျော်ဗို ထွန်းထွန်း ရဲလေး )၊ ပြေတီဦး၊ သူထူးစံ ၊ ကျော်ထွဋ်ဆွေ၊ လွှမ်းပိုင် ၊X Box နေမင်း ၊ ဒေါင်း ၊ မိုးယံဇွန်၊ နေဒွေး ၊ ကျော်ကျော် ၊ ဒီဖြိုး ဝေလျှံ ၊ အောင်လေး ၊ Morris (Project K )’’ တို့ ပါဝင်သွားမယ်လို့ ဆိုပါတယ်။

Photo: Wai Min Maung

အဲဒီနောက် ရန်ပုံငွေပွဲအတွက် ကစားကြမယ့် ဘောလုံးပွဲမှာ နိုင်ငံကျော်အဆိုတော်များစွာတို့ကလည်း တေးသီချင်းကောင်းတွေနဲ့ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

‘’ဖျော်ဖြေသီဆိုမည့် အနုပညာရှင်များ R Zar Ni ၊ ဟဲလေး ၊ ဖြိုးပြည့်စုံ ၊ ထက်ယံ ၊ ဝေကြီး ၊ နီနီခင်ဇော် ၊ အိုင်းရင်းဇင်မာမြင့် ၊ Jewel၊ ကေကေမိုး ၊ BPML’’ တို့ပါဝင်မယ်လို့ ကိုဝေမင်းမောင်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ သြဂုတ်လ ၁၄ရက်နေ့ ည ၁၀ နာရီက ရေးသားထားတာ တွေ့ရပါတယ်။

Photo: Wai Min Maung

ပရိသတ်အချစ်တော် မင်းသမီးချောလေးတွေကလည်း ရန်ပုံငွေ ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ အလှူခံကြဦးမယ်လို့ သိရပါတယ်။

‘’အလှူခံကြမည့် အနုပညာရှင်များ ညီနန္ဒ ၊အလင်းရောင် ၊ အိန္ဒြာကျော်ဇင် ၊ သင်ဇာဝင့်ကျော် စံရတီမိုးမြင့် ၊ ယုသန္တာတင် ၊ နေခြည်ဦး ၊ ခင်ဝင့်ဝါ၊ နွေးနွေးချစ်ဖွယ် ၊ ရွှေသမီး ၊ နန်းခင်ဇေယျာ ၊ ရတနာဗိုလ် ၊ သျှားထွဋ်အိန္ဒြာ၊ အလှူရှင်များ ကိုနိုင်ဖြိုးကျော် ( Green Circle)၊ နေခြည်ဦး - သိန်း ၅၀၊ မမာလာဝင်း (UMG ) သိန်း ၂၀ ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Wai Min Maung

ဒီအစီအစဉ်ကိုတော့ Myanmar Media 7 က ကြီးမှူးကျင်းပသွားမှာဖြစ်ပါတယ်။ နေ့ရက်၊ အချိန် နဲ့ နေရာတွေကတော့ သြဂုတ်လ ၂၄ ရက်နေ့ သုဝဏ္ဏဘောလုံးကွင်းမှာ ညနေ ၃ နာရီက စပြီး ပွဲလုပ်မယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ မော်လမြိုင်၊ မုဒုံ၊ ရေး၊ မုတ္တမ၊ ပေါင်၊ သံဖြူဇရပ်၊ ဘားအံ စတဲ့မြို့တွေမှာ ရေဘေးသင့်ပြည်သူတွေအတွက် ကူညီထောက်ပံ့ရေး ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ လိုအပ်လျှက်ရှိတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် လူမှုကွန်ယက်စာမျက်နှာကို အသုံးပြုနေကြတဲ့ အနုပညာရှင်တွေနဲ့ ပြည်သူလူထုကလည်း ဝိုင်းဝန်းကူညီ လှူဒါန်းဖို့အတွက် တိုက်တွန်းနှိုးဆော်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က